Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

အဆစ်အမြစ်ရောင်နာ ပျောက်ဖို့ ရေကုထုံးနဲ့ ကုသမှုခံယူနေတဲ့ ၁၄နှစ်သား ကြောင်


အမေရိက South Coast Hydrotherapy School မှာ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ရေကုထုံးနဲ့ ကုသပေးလျှက်ရှိပါတယ်။ ရေကုထုံးကို အများအားဖြင့်တော့ ခွေးတွေအတွက် ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အဆစ်အမြစ်ရောင်နာ ဖြစ်နေတဲ့ ၁၄နှစ်သား ကြောင်ကို ရေကုထုံးနဲ့ ကုသခွင့် ပြုလိုက်ကြပါတယ်။ အဲ့ဒီကြောင်ဟာ အစပိုင်းမှာ မလိုလားဘဲ အင်တင်တင်ဖြစ်နေခဲ့ပေမဲ့ ခုတော့ ရေကူးကန်ထဲမှာ တဖျတ်ဖျတ်နဲ့ကို ကူးနေနိုင်ပါပြီ။

ခွေးတွေဟာ ရေကူးတာနဲ့ အကျွမ်းတ၀င်အရှိဆုံး အိမ်မွေးတိရိစ္ဆာန်တွေမို့လို့ ရေကူးရေကုထုံး စင်တာကို ခွေးတွေအတွက် ရည်ရွယ်ပြီးဖွင့်ထားခဲ့ပေမဲ့ ခု ၁၄နှစ်သားကြောင်ဟာ ရေကုထုံးနဲ့ အကျွမ်းတ၀င်ရှိသွားပြီး အဆစ်အမြစ်ရောင်နာ သက်သာတာကြောင့် နောက်ဆိုရင် ကြောင်တွေအတွက်ပါ ဖွင့်ဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။

Ref:dailymail.co.uk
trend myanmar

No comments:

Post a Comment