Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

လွှတ်တော်ကိုစောင့်ကြည့်ဖို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ကို မိတ်ဆက်

တစ်ချိန်ချိန်မှာ နိုင်ငံရေးအရ အင်အားစုအားလုံးကို ကိုယ်စားပြုနိုင်မယ့် လွှတ်တော်ဖြစ်လာအောင် ကြိုးပမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ကို ဖေဖော်ဝါရီ ၁၅ရက်နေ့ မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာကျင်းပတဲ့ အဖွဲ့အစည်းမိတ်ဆက်ပွဲမှာ OMI ရဲ့အကြံပေး ဦးကိုကိုကြီးက မြန်မာ့နိုင်ငံရေးနဲ့ လွှတ်တော်ကို လေ့လာစောင့်ကြည့် သုတေသနပြုဖို့အတွက် ထူထောင်တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

Open Myanmar Initiative လို့ခေါ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ဟာ NGO အဖွဲ့အစည်းဖြစ်ပြီး ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်တစ်ချို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အစိုးရရဲ့ ဘဏ္ဍာရေးသုံးစွဲမှုကို စောင့်ကြည့်ပြီး အမျာပြည်သူကို ထုတ်ပြန်တင်ပြသွားမယ်လို့ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က ဆိုပါတယ်။

ပညာရေးနဲ့ သုတေသနလုပ်ငန်းတွေကို အဓိကဦးစားပေး လုပ်ဆောင်သွားမယ့် ဒီအဖွဲ့ဟာ လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် ၁ကိုလည်း ထုတ်ဝေခဲ့သလို အင်တာနက်စာမျက်နှာဖြစ်တဲ့ www.omimyanmar.org ကိုလည်း စတင်လွှင့်တင်လိုက်ပြီလို့ ဆိုပါတယ်။

kamaryut media

No comments:

Post a Comment