Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

သမ္မတရုံး ဘတ်ဂျက် ၁၅ ဘီလီယံ သုံးမည်


ပြီးခဲ့တဲ့နှစ်က သမ္မတရုံးအသုံးစရိတ် ကျပ်ငွေ ၁၁ ဘီလီယံကျော်ပဲ ရှိရာကနေ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ သမ္မတနဲ့ အစိုးရအဖွဲ့ လစာ တိုးမြှင့်ရယူမယ့်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေထား သုံးစွဲမယ့်ကိစ္စတွေ ရှိလာတဲ့အတွက် ကျပ်ငွေ ၄ ဘီလီယံနီးပါး တိုးမြှင့်ပြီး ကျပ်ငွေ ၁၅ ဘီလီယံကျော်သုံးစွဲမယ့်ကိစ္စဟာ သင့်တော်ပါကြောင်း လွှတ်တော်ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဘတ်ဂျက်ထဲမှာ လာမယ့် ဧပြီကစ သမ္မတဟာ လက်ရှိ လစာ ကျပ် ၁၅ သိန်းအစား၊ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ၁ လ ကျပ် သိန်း ၅၀ ခံစားမှာ ဖြစ်ပြီး အခြားဒုသမ္မတနဲ့ ၀န်ကြီး ဒုဝန်ကြီးတွေကလည်း လစာ တိုးမြှင့်ခံစားကြမှာ ဖြစ်သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကျပ်ငွေ ၄ ဘီလီယံ လျာထားတယ်လို့ ဘတ်ဂျက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

DVB Burmese

No comments:

Post a Comment