Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

၂ဝ၁၄ တွင်ပင် မှန်နေသေးသော မာ့က်စ် အံ့ဖွယ်ခန့်မှန်းချက် ၅ ခု



ကားလ်မာ့က်စ်ဆိုလျှင် ကွန်မြူနစ် ဝါဒ၏ ခေါင်းကိုင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ် ကြောင်း လူတိုင်းလိုလို သိကြပါလိမ့် မည်။ လွန်ခဲ့သည့်နှစ် ၁၆ဝ ကျော်က သူနှင့် ဖရက်ဒရစ်အိန်ဂျယ်တို့ ဖန်ဆင်းခဲ့ သော ကွန်မြူနစ်တစ္ဆေကြီးသည် ကမ္ဘာတစ်ဝန်းရှိ အရင်းရှင်တို့ကို ယနေ့ထက် တိုင် ခြောက်လှန့်နေဆဲဖြစ်သည်ကို နိုင်ငံ တကာ
အရင်းရှင်ကြီးများငြင်း၍ မရနိုင်ပါ။

''ယနေ့ထက်တိုင်တည်ရှိနေသော လူ့အဖွဲ့အစည်းအားလုံးတို့၏ သမိုင်း သည် လူတန်းစားတိုက်ပွဲများ၏ သမိုင်းပင်ဖြစ်သည်''ဟူ၍ ကားလ်မာ့က်စ်နှင့်
ဖရက်ဒရစ်အိန်ဂျယ်တို့က ကွန်မြူနစ် ကြေညာစာတန်း၏ ပထမဆုံးစာကြောင်း တွင် ကြွေးကြော်ရေးသားခဲ့လေသည်။ သို့ရာတွင် အရင်းရှင်နိုင်ငံအပေါင်းတို့က သွေးရူးသွေးတန်း ဝိုင်းဝန်းဝါဒဖြန့်ချေမှုန်း ခဲ့ကြသဖြင့် ယနေ့အခါတွင် ကွန်မြူနစ် စနစ်မှာ ငုပ်ကောင်သဖွယ် ရှိနေသော်လည်း လုံးလုံးလျားလျား အမြစ်ပြတ် မသွား သလို
ယခင်ကထက် ခိုင်မာသည့် ရေသောက်မြစ် များဖြင့် ပြန်လည်တည် ဆောက်နေသည်ကိုလည်း အားလုံးသိနေကြပါသည်။ ခေတ်နှင့်လျော်ညီ သည့် ကွန်မြူ
နစ်ကြေညာစာတမ်း အသစ်များလည်း ပေါ်ထွက်နေကြသည်။

နည်းတူစွာပင် ၂၁ရာစု၏ နေ့ ရက်များအတွင်း ကားလ်မာ့က်စ် အကြောင်း လူပြောသူပြော ပြန်လည်များ ပြားနေပြန်၏။သို့ရာတွင် အရင်းရှင်စနစ် အပေါ် မာ့က်စ်၏ ထက်မြက်ထိရောက် သောဆန်းစစ်ဝေဖန်မှုကို အမှန်တကယ် နားလည်သူမှာမူ အနည်းငယ်မျှသာရှိ လေသည်။

အများစုမှာကား တော်လှန်သော စီးပွားရေးပညာရှင်တစ်ဦး၏
ခန့်မှန်းချက်များအရ ကွန်မြူနစ်စနစ်သည် အရင်းရှင်စနစ်ကို မလွဲမသွေအစားထိုး နေရာယူလိမ့်မည်ဟူ၍သာ မရေမရာ သိထားကြသော်လည်း မာ့က်စ်အနေဖြင့် ထိုအတိုင်း အမှန်ဖြစ်လာမည်ဟု အ ဘယ်ကြောင့် ယုံကြည်ခဲ့ခြင်းကိုမူ ယေဘုယျအားဖြင့် နားလည်မှု လွဲမှားနေ ကြလေ၏။

အမေရိကန် ပြည်တွင်းစစ် ကာလများအတွင်း အချိန်ခန့်က ခန့်မှန်းခဲ့သော မာ့က်စ်၏ခန့်မှန်းချက်အချို့ မှားယွင်းခဲ့ သည့်တိုင်အောင်ယနေ့ခေတ် အရင်းရှင် စနစ်၏ သွင်ပြင်လက္ခဏာများနှင့် ပတ် သက်၍မူ မဟာစီးပွားရေးကျဆင်းမှုမှ သည် သင့်အိတ်ထောင်ထဲဝယ် iPhone 5S ရှိနေခြင်းကဲ့သို့သော ခန့်မှန်းချက် များမှာမူကွက်တိပင် မှန်ကန်နေလေ၏။ ၂ဝ၁၄ ခုနှစ်တွင် ကြုံတွေ့ရမည့် ဖြစ်ရပ်မှန်များအနက် အရင်းရှင်စနစ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သော ကားလ် မာ့က်စ်၏ ကွက်တိမှန်ကန်နေသည့် ခန့် မှန်းချက် ငါးခုကိုဖော်ပြလိုက်ပါသည်။

(၁) မဟာစီးပွားရေးကျဆင်းမှု (အရင်းရှင်စနစ်၏ဖရိုဖရဲဆန်သောသဘာဝ)

အရင်းရှင်စနစ်၏ ဖရိုဖရဲဖြစ်တတ် သော၊ ဘေးကျပ်နံကျပ် ဆိုက်တတ် သော မွေးရာပါသဘာဝများသည် မာ့က်စ် ၏အဓိက ကျသောရေးသားတင်ပြချက်များ ဖြစ်သည်။

အရင်းရှင်တို့သည် အမြတ် အစွန်းရရှိရေးအတွက် စက်မှုလုပ်ငန်းကြီး များထူထောင်၍ ထုတ်ကုန်များကို ပို၍ ပို၍ထုတ်လုပ်ရင်း လုပ်ခများကိုမူလျှော့ချ သည်ထက် လျှော့ချရင်းက ဝယ်သူများ မဝယ်နိုင်ကြတော့သည်အထိ ကုန်ပစ္စည်း များ ထုတ်လုပ်လာကြခြင်းကြောင့် ပြဿနာများ ပေါ်လာလိမ့်မည်ဟု မာ့က်စ်
ကရေးသားပြောကြားခဲ့သည်။ သေချာ ပါ၏။ ခေတ်သစ်သမိုင်း ဖြစ်ရပ်များအရ မဟာစီးပွားပျက်ကပ်မှ သည် သတင်းအချက်အလက်နည်းပညာ ဆိုင်ရာပေါက်ကွဲမှုအထိဖြစ်စဉ်များသည် မာ့က်စ်က ''စိတ်ကူးယဉ်အရင်းအနှီး'' ဟု ခေါ်ဝေါ်ခဲ့သည့် စတော့ရှယ် ယာများနှင့် အကြွေးစနစ်များကဲ့သို့ သော ဘဏ္ဍာငွေကြေးဆိုင်ရာ လက်နက် ကိရိယာများကြောင့် ဆိုသည်ကို နောက် ကြောင်း ပြန်ခြေရာခံ၍ သုံးသပ်သိရှိ နိုင်ပါသည်။

ရောင်းကုန်များအား ထုတ်လုပ် လိုက်ကြသည်မှာ ဝယ်မည့်သူမရှိတော့ သည်အထိဖြစ်ပြီး၊ ဈေးကွက်အသစ် လည်း မရှိ၊ အကြွေးတင်စရာလည်း မရှိတော့ချေ။

ယင်းသံသရာသည် ကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် လည်ပတ်နေပါ သည်။ အကျယ်ချဲ့ပြောရသော် ၂ဝဝ၈ ခုနှစ်က အိမ်ရာဈေးကွက် ပျက်ခဲ့သည်မှာလည်း ထိုအချက်များကြောင့်ပင် ဖြစ်လေ၏။ ဆယ်စုနှစ်ပေါင်းများစွာ မညီမမျှ ဖြစ်မှုက ဝင်ငွေများ လျော့ကျစေခဲ့ပြီး ယင်းကပင်လျှင် အမေရိကန်တို့အား ကြွေးလည်ပင်း
ခိုက်စေခဲ့သည်။ အတိုး နည်းနည်းနှင့်ပင် ငွေချေးသူများ မရှိကြ တော့သည်တွင်မူ မာ့က်စ်က ထိုသို့ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည့်အတိုင်းပင်တစ်စစီ
ပြိုကွဲပျက်စီးခဲ့လေတော့သည်။

(၂) iPhone 5S (စိတ်ကူးထဲမှ အာသာဆန္ဒ)

ထုတ်ကုန်များကို အတောမသတ် ထင်တိုင်းကြဲထုတ်လုပ်မှုကြောင့် ''လူ သားမဆန်သော၊ ဆန်းပြား ရှုပ်ထွေးသောစိတ်ကူးအာရုံထဲမှ အာသာဆန္ဒများ
ကိုအောက်ကျို့ဝပ်တွားရသည့် သဘာဝ မကျသော အဖြစ်များ''ကိုကြုံလာရမည် ဟု မာ့က်စ်ကပြောခဲ့သည့် အတိုင်းဖြစ်လာချေပြီ။ ယင်းသည် အမေရိကန်တွင်သာမက
တစ်ကမ္ဘာလုံးတွင်ဖြစ်နေကြ ခြင်းကို တိတိကျကျနှင့် ခပ်ပြင်းပြင်းဆို ခြင်းပင်ဖြစ်လေ၏။ အမှန်တကယ် မလိုအပ်သော်လည်း လိုအပ်နေသယောင်ယောင်ဖြင့် ဝယ်စရာတွေကို ဝယ်ပြီးရင်းဝယ်ချင်နေခြင်းမျိုးကို အားလုံးကြုံနေ ရသည်။

ခင်ဗျားဆီမှာတောင် ဝယ်ပြီးသား ဖြစ်ချင်ဖြစ်နေမည့် iPhone 5S သည် ယမန်နှစ်က ပေါ်ခဲ့သော iPhone 5 သို့တည်းမဟုတ် iPhone 4 တို့ထက် တကယ်ပင် ထူးထူးခြားခြား ပိုမိုကောင်းပါ၏လော။ ကျွန်ုပ်တို့၏ အီလက်ထရွန်း နစ်စွန့်ပစ်ပစ္စည်းများကြောင့် တရုတ်မိသားစုများ ကင်ဆာရောဂါရနေကြချိန်တွင် ကောင်းနေသေးသော ပစ္စည်းများကို အကြောင်းမဲ့သက်သက်မသုံးတော့ရန် မီဂါကော်ပိုရေးရှင်းကြီးများက လှုံ့ဆော်ကြော်ငြာနေကြပြန်သည်။ အကယ်၍ မာ့က်စ်သာ ထိုအဖြစ်များကိုမြင်ပါက ခေါင်းတငြိမ့်ငြိမ့်လုပ်နေမည်မှာ သေချာ၏။

(၃) နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (ကမ္ဘာလုံးဆိုင်ရာ အရင်းရင်စနစ်)

အရင်းရှင်တို့၏ အလွန်အကျွံကုန် ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည်တို့ကို သုံးသပ် တွေးတောခြင်းတို့က မာ့က်စ်အားဂလိုဘယ်လိုက်ဇေးရှင်းဟု ယနေ့
အခါခေါ်ဝေါ်နေကြသည့် ကမ္ဘာလုံးဆိုင် ရာအရင်းရှင်စနစ် ပေါ်ပေါက်လာလိမ့် မည်ဟု ခန့်မှန်းပြောကြားနိုင်စေခဲ့သည်။

အရင်းရှင်စနစ်ကို တစ်ကမ္ဘာလုံး ဖြန့်ကြက် ၍ ဈေးကွက်သစ်များရှာဖွေကြ ခြင်းပင်ဖြစ်လေ၏။ ''မိမိ၏ အထွက် ပစ္စည်းများအတွက် ဈေးကွက်ကို အ ဆက်မပြတ် တိုးချဲ့ရန်
လိုအပ်သော ကြောင့် ဓနရှင်လူတန်းစားသည် ကမ္ဘာ အနှံ့ပြေးလွှားနေရသည်'' ဟု မာ့က်စ်က ရေးသားခဲ့သည်။

''ဓနရှင်လူတန်းစား သည် မည်သည့်နေရာ၌မဆို အိုးအိမ်ထူ
ထောင် ကြရမည်၊ မည်သည့်နေရာ၌မဆို အခြေစိုက်ကြရမည်၊ မည်သည့်နေရာနှင့် မဆို ဆက်သွယ်ကြရမည်ဖြစ်၏'' ဟု လည်း မာ့က်စ်က ရေးသားခဲ့သေးသည်။

ယင်းသည် ယနေ့ခေတ်တွင် ထူး ဆန်းလှသည်မဟုတ်သော်ငြား မာ့က်စ် က ၁၈၄၈ခုနှစ်ကတည်းက ရေးသား ခဲ့ခြင်းဖြစ်ပါသည်။ ထိုမျှမက ၂ဝ ရာစု နှောင်းပိုင်းတွင် ဘာတွေဘာကြောင့်ဖြစ် လာမည်ဟုပြောခဲ့ခြင်းကလည်း မှန်နေ ပြန်သေးသည်။ ဈေးကွက် အသစ်များနှင့် ဈေးချို သောလုပ်သားများကို အတော မသတ် ရှာဖွေနေရသလို သဘာဝအရင်း အမြစ် များကိုလည်း အမြဲတမ်း လိုအပ်နေခြင်း က မကောင်းဆိုးရွားများကို တရစပ် အစာကျွေးနေရသည့်သဖွယ်ပင် ဖြစ်နေသည်။

(၄) ဝေါလ်မာ့တ်(Walmart)(လက်ဝါးကြီးအုပ်ခြင်း)

ရှေးရိုးစံထား စီးပွားရေးသီအိုရီအရ ပြိုင်ဆိုင်မှုသည်ပုံမှန်ပင် ဖြစ်ပြီး ထို့ကြောင့်ပင်လျှင် မိမိကိုယ်မိမိအရှည်တည်တံ့အောင် ပြုမူနိုင်လိမ့်မည်ဟု ယူဆလက်ခံခဲ့ကြသည်။

မည်သို့ပင် ဆိုကြစေကာမူ လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်သား ကောင်ဖမ်းသည့်နှယ် ပြုလုပ်ကြရင်းက ဈေးကွက်၏ အင်အားသည် လက်ဝါး ကြီးအုပ် ကုမ္ပဏီကြီးများ
ဆီတွင်သာ ဗဟိုပြုသွားလိမ့်မည်ဟု မာ့က်စ် ပြောခဲ့သည်။

၁၉ ရာစုတုန်းကမူ မာ့က်စ်၏ကြိုတင်ခန့်မှန်းချက်သည် ထူးခြားနေလေ၏။ ''အမေရိကန်တွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေမှာကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးအင်အားတွေဟာလည်း တစ်နေရာထဲမှာပဲရှိနေတော့မှာ မဟုတ်ဘူး'' ဟု ၂ဝ ရာစုအလယ်ပိုင်းက ထင်ရှားခဲ့သည့် အမေရိကန် သမိုင်းဆရာ ရစ်ချတ် ဟော့ဖ်စတက်တာ ကရေးခဲ့သော်ငြား၊ မာ့က်စ်ခန့် မှန်းခဲ့သည်တို့မှာ ၂ဝ ရာစု နှောင်းပိုင်းတွင်စတင်အရှိန်ရလာခဲ့သည်။

ယနေ့အခါတွင် ယခင်က ရှိခဲ့ဖူးသည့်မိသားစု လက်လီဆိုင်ငယ်ကလေးများကို ဝေါလ်မာ့တ်လို စတိုးဆိုင်ကြီးများက အစားထိုးနေရာယူလျက်ရှိပြီး၊ ဘဏ် အသေးစားကလေးများကိုလည်း ဂျေ၊ ပီ၊ မော်ဂန်လို ကမ္ဘာလုံးဆိုင်ရာ ဘဏ်ကော်ပိုရေးရှင်းကြီးများက ဝါးမျိုသွားပြီဖြစ်ကာ၊ လယ်သမားငယ်တို့၏လုပ်ငန်းများကိုလည်း
အာချာဒယ်နီ ယယ်လ်မစ်ဒ်လင်းလို လယ်ယာလုပ်ငန်းကြီးများက အစားထိုးနေရာယူသွား ချေပြီ။ နည်းပညာဆိုင်ရာလောကတွင်လည်း ထိုအတိုင်းပင်ဖြစ်ပြီး ကော်ပိုရေး ရှင်းကြီးများက မြန်နိုင်သမျှ မြန်မြန် စုပ် ယူဝါးမျိုလျက်ရှိပါသည်။ နိုင်ငံရေးသမားများက မည်သို့ပင် လုပ်နေကြစေကာမူ အဆိုပါလုပ်ငန်း ကြီးများ အခြေခိုင်နေကြပြီဆိုသည်ကို ကျွန်ုပ်တို့အားလုံးအသိပင်ဖြစ်လေ၏။

(၅) လုပ်ခနည်းနည်း၊ အမြတ်များများ (စက်ရုံလုပ်သား အရံတပ်မတော်)

''စက်ရုံလုပ်သား အရံတပ်မတော်'' တစ်ခုကြောင့် လုပ်ခများ ကျဆင်းလိမ့် မည်ဟု မာ့က်စ် ယုံကြည်ခဲ့သည်။ဆိုလိုသည်မှာ အရံတပ်မတော် တစ်ခုနှယ် ပိုလျှံနေသော စက်ရုံလုပ် သားများကြောင့် အရင်းရှင်များအတွက် လုပ်ခဈေးနှိမ်ရန် အလွယ်တကူပင် အဆင်ပြေခြင်း ဖြစ်လေ၏။

မာ့က်စ်၏နည်းကိုသုံး၍ ကျွန်ုပ်တို့ ခန့်မှန်းမည်ဆိုပါက
စီးပွားရေးကပ်တစ် ခုအပြီးကာလများတွင် အလုပ်လက်မဲ့ နှုန်း မြင့်မားလာခြင်းကြောင့် လုပ်ခဈေးတက်မှုရပ်တန့်သွားကာ အမြတ်ငွေပမာဏမှာမူ တစ်ဟုန်ထိုးမြင့်တက်လာ လိမ့်မည်ဟု ခန့်မှန်းပြောကြားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်သော လုပ်သား များသည် မိမိတို့အပေါ် မည်မျှပင်သွေး စုပ်သော လုပ်ငန်းဖြစ်နေပါစေ အလုပ်မ ထွက်ရဲကြတော့ခြင်းကြောင့် ဖြစ်သည်။ ''အမေရိကန်ရဲ့ စီးပွားရေးပြန် လည်ထူထောင်မှုသည် မာ့က်စ်ဝါဒက ဆိုထားသည့် လက္ခဏာများကို ပြနေ သည်။

လုပ်ငန်းများ၏အမြတ်များသာမက ထုတ်လုပ်မှုများပါတိုးတက်လာပြီး အလုပ် လက်မဲ့အဆင့်အတန်းကို အထူးတလည် လျှော့ချခြင်းမပြုဘဲကုမ္ပဏီများ ပြန်
လည်တိုးတက်လာစေသည်''ဟု ဝေါ စထရိဂျာနယ်ကလည်း သတိပေးရေး သားခဲ့ပါသည်။

ယင်းကပင်လျှင် အလုပ်သမား များသည် အလုပ်ထွက်ရမည်ကို စိုးရိမ် သည့်အတွက်ကြောင့် လုပ်ခနှင့်ပတ် သက်၍ ဈေးဆစ်ညှိနှိုင်းမှုမပြုနိုင်တော့ ခြင်းကိုပြနေ၏။

အလုပ်လက်မဲ့ နည်းပါးပြီး လုပ်ခ အနှိမ်ခံနေရသော လုပ်သားများအနေ နှင့် အခြားအလုပ်သစ်သို့ အဆင်ပြေ လွယ်ကူစွာ ကူးပြောင်းနိုင်ကြသည့် ကာ လမျိုးကသာလျှင် မျှတသော တိုးတက်မှု အတွက် အချိန်ကောင်းဆိုသည်ကို အထူးတလည်အံ့အားသင့်ရန် မလို တော့ချေ။

နိဂုံး

မာ့က်စ်၏ ခန့်မှန်းချက်များဝယ် မှားယွင်းခဲ့ခြင်းများလည်း များစွာရှိခဲ့ပါ သည်။ သူ့ရေးသားချက်အများစုဖြစ်သည့် အရင်းရှင် စနစ်ကိုဝေဖန်ဆန်းစစ်ခြင်း များသည် အရင်းရှင်စနစ်ကို ဘာနှင့် အစားထိုးရမည်ဟု သာမန်ဆိုခြင်းထက် အများကြီး ပိုပါသည်။ ယင်းအပေါ်အယူလွဲကြသူများ လည်းရှိခဲ့ကြပါသည်။သို့ရာတွင်မာ့က်စ်ကြောင့် ကမ္ဘာကြီးဝယ် အပြုသဘောဆောင်သည့် အပြောင်း အလဲများစွာဖြစ်ပေါ်ခဲ့ပါသည်။ မာ့က်စ်၏ ထင်ရှားသော ကြွေးကျော်သံဖြစ်သည့် ''ကမ္ဘာတစ်ဝန်းရှိ
လုပ်သားများသွေးစည်းကြ။

သင်တို့ အားတုပ်နှောင်ထားသော နှောင်ကြိုးများမှအပသင်တို့အတွက် ဆုံးရှုံးစရာမရှိ''ဟူသည့်ကြွေးကြော်သံမှာမူ ယနေ့ အခါတွင်
အာနိသင်လျော့နည်းလျက်ရှိ နေပါသေးသည်။

ဟက်ကာ

မှတ်ချက် - Sean McElwee ရေးသားသော Marx Was Right: Five Surprising Ways Karl Marx Predicted 2014 ၂ဝ၁၄ ဆောင်းပါး ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

Popular Myanmar News

No comments:

Post a Comment