Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

ကေအင်ယူ ရဲတပ်ဖွဲ့ သင်တန်းပေး

KNU ကရင်အမျိုးသား အစည်းအရုံးက ရဲတပ်ဖွဲ့ကို လော်ခီးလာ စခန်းမှာ ပထမဆုံး အကြိမ် ဖွဲ့စည်း လိုက်ပါတယ်။

လော်ခီးလာ သင်တန်းခန်းမမှာ ပို့ချတဲ့ ကရင် အမျိုးသား ရဲတပ်ဖွဲ့ ပထမဆုံး အကြိမ် သင်တန်းမှာ ကေအင်ယူ ခရိုင် ၇ ခုက သင်တန်းသား ၇ဝ ကျော် တက်ပါတယ်။

၁၉၉၅ က KNU ဌာချုပ် မာနာပလော ကျပြီး အနှစ် ၂ဝ နီးပါး အကြာမှာ အရင် ရှိပြီးသား ကေအင်ယူ ရဲတပ်ဖွဲ့ဝင် ဟောင်း တချို့နဲ့ အသစ်တွေကို ပေါင်းပြီး ရဲလုပ်ငန်း တွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ ရဲတပ်ဖွဲ့ ရှိပေမယ့် ကေအင်ယူ ဒေသမှာလည်း ကရင် ရဲတပ်ဖွဲ့ ရှိဖို့ လိုကြောင်း၊ ထိုင်း - မြန်မာ နယ်စပ်က မူးယစ် ဆေး နဲ့ တခြား မှုခင်း တွေကို ရဲတပ်ဖွဲ့ နှစ်ခု ပူးပေါင်း ဆောင်ရွက် ကြမယ် လို့ ကေအင်ယူ ပြည်ထဲရေး နဲ့သာသနာရေး တာဝန်ခံ ဗဒိုအားတိုးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး နောက်ပိုင်း ကေအင်ယူ ထိန်းချုပ် နယ်မြေ ပြန်တည်ငြိမ် လာချိန်မှာ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ ကေအင်ယူ ခရိုင် ၇ ခုမှာ စုဆောင်း ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၇ဝဝ ကနေ တထောင်ကျော် အထိကို လေ့ကျင့် ပေးသွားမှာပါ။

အမျိုးသမီး တွေနဲ့ ပတ်သက်တဲ့ မှုခင်းတွေ အတွက် ဒီသင်တန်းကို ကရင် အမျိုးသမီး တွေ တက်ရောက်ကြတာ တွေ့ရပါတယ် ။

အခု ၁၀ ရက် သင်တန်းမှာ ဥပဒေ၊တရားရေးနဲ့ ရဲလုပ်ငန်းတွေကို ကေအင်ယူနဲ့ မဟာမိတ် အဖွဲ့တွေက ပညာရှင် တွေက ပို့ချ ပြီးတော့ မှုခင်းပိုင်း ဆိုင်ရာ ကိုတော့ စကော့တလန် ယာဒ် ကနေ လာပြီး ပို့ချပေးမယ်လို့ သိရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


No comments:

Post a Comment