Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 8, 2014

မလေးရှားတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသော ကိုအောင်ကြီး၏ ဇနီး မအေးသန္တာထွေး၏ ရင်တွင်းစကား


8-2-2014

မလေးရှားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်အဖွဲ့မှ ကိုအောင်ကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ဇနီးနဲ့ မိသားစုတွေမှာလည်း သောကတွေ ဂယက်ပွေပြီး ကြိတ်မနိုင် ခဲမရဖြစ်နေကြရပါတယ်။ ယောက်ျားဖြစ်သူ ကိုအောင်ကြီးအတွက် ရက်လည်ဆွမ်းသွပ် ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ မအေးသန္တာထွေးကို Myanmar National Network မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကိုအောင်ကြီး အသက်ဆုံးရှုံးရသည်အထိ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လိုသံသယ ရှိပါသလဲအမ။

အမဘယ်လို မှန်းဆနိုင်မှာလည်း။ အမ ယောက်ျားကို ကျားနာခဲနဲ့ ရက်ရက်စက်စက် လုပ်သွားတယ်။ လက်တုန့်ပြန်ချင်တဲ့စိတ် ဖြစ်မိတယ်။

အမ မိသားစု အခြေအနေလေး ပြောပေးပါလား အမ။

မိဘတွေနဲ့ပဲနေပါတယ်။ သားအကြီးက နဝမတန်း။ သမီးငယ် ၄ လအရွယ်မှာ အမယောက်ျား ထွက်သွားခဲ့တာ။ အခုသမီးလေး ၁၁ နှစ်ရှိပြီ။ ကြားထဲမှာ လွန်ခဲ့တဲ့ ၉လပိုင်းမှာ အမနေမကောင်းဖြစ်တယ်။ အဲဒီတော့မှ အဆက်အသွယ် ပြန်ရတယ်။ သူမသေဆုံးမီတစ်ပတ်လောက်ကပဲ သားသမီးတွေနဲ့ စကားပြောပါသေးတယ်။ သားဆိုရင်လည်း သူ့အဖေအတွက် ကြိတ်မနိုင်ခဲမရဖြစ်နေတယ် လို့ ပြောပါတယ်။

ကိုအောင်ကြီး၏ ဇနီးအတွက် အားပေး ကူညီသည့်အနေဖြင့် ကိုရဲမင်းဦး နှင့် Myanmar National Network မှ ကိုသီရိ ကိုမောင်မောင်ခတို့က ဦးဆောင်၍ သွားရောက် အားပေး နှစ်သိမ့်ရင့် အလှူငွေ တစ်သိန်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

နောင်တော်လေး

Aye Chan Mon
Myanmaalinn

No comments:

Post a Comment