Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 21, 2014

အငြိမ်းစားဗိုလ်ချုပ်တဦးကို လာဘ်ပေးလာဘ်ယူပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတ အဆိုပြု

president office logo
သမ္မတဦးသိန်းစိန်ဟာ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော် မရှင် ဥက္ကဋ္ဌအဖြစ် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးတင်ဦး တို့ကို တာဝန်ပေးဖို့ လျာထား တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကဆီ ဖေဖော်ဝါရီ ၂၀ နေ့စွဲနဲ့ သ၀ဏ်လွှာ ပေးပို့ထားပါတယ်။

သ၀ဏ်လွှာထဲမှာ သမ္မတက ရွေးချယ်ပေးသူ ၅ ယောက်၊ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ယောက်စီ စုစုပေါင်း ၁၅ ယောက်ရဲ့ နာမည်တွေကိုလည်း ဖော်ပြထားပြီး သမ္မတက ဆန္ဒပြုတဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို လွှတ်တော်က အတည်ပြုပေးဖို့ ဆိုပြီး ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းထားပြီး ဖြစ်ပေမယ့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးတာမို့ အဂတိ လိုက်စားမှုတွေကို အရေးမယူနိုင်သေးပါဘူး။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံတွေစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

DVB Burmese

No comments:

Post a Comment