Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ဖွဲ့စည်းပုံဥပဒေပြင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးပမ်းမည်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီနဲ့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီဗဟို အလုပ်မှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ တွေ ဆုံရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က RFA ကို ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံရာမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဦးဥာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့် ဒေါက်တာဇော်မြင့်မောင်၊ ဒေါ် နန်းခင်ထွေးမြင့် စတဲ့ NLD ဗဟိုအလုပ်မှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ မနီလာသိန်းတို့ ပါဝင်ခဲ့ပါတယ်။

ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။

RFA Burmese

No comments:

Post a Comment