Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

မောင်တောနယ်စပ်တွင် ပုဒ်မ ၁၄၄ကို ၁၂ ကြိမ်မြောက် ထုတ်ပြန်

  မောင်တောမြို့နယ်တွင် ၂၀၁၂ ဇွန်လ ၈ရက်က စတင်ထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ကို ဖေ ဖော်ဝါရီ ၈ရက်တွင် (၁၂)ကြိမ် မြောက်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၈ရက် ညနေ ၅နာရီက မြို့ပေါ်တွင် လှည့်လည်ကြေညာခဲ့သည်။

ညမထွက်ရအမိန့်ကို ည ၁၁နာရီ မှ နံနက် ၄နာရီအထိ သတ်မှတ်လိုက်သည်။ (၉)ကြိမ်မြောက် ထုတ်ပြန်ခဲ့သည့် ၂၀၁၃ အောက်တိုဘာ ၈ ရက်က ညမထွက်ရအမိန့်မှာည ၁၀ နာရီမှ နံနက် ၄ နာရီ အထိဖြစ်ပြီး (၁၀)ကြိမ်မြောက်ထုတ်ပြန်သည့်အချိန်မှ အချိန်တစ်နာရီ လျှော့ချလိုက်ခြင်း ဖြစ်သည်။

၂၀၁၂ ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားသည့်နေ့မှ ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ မှာ နှစ်လလျှင်တစ်ကြိမ်ကျ ဆက်လက်ထုတ်ပြန်နေဆဲဖြစ်ပြီး ညမထွက်ရအချိန်များကို တဖြည်းဖြည်းလျှော့ချလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ မောင်တောနယ်စပ်ဒေသ၏ အခြေအနေမှာ မြို့ပေါ်တွင် တည်ငြိမ်နေသော်လည်း နယ်ဘက်တွင် မတည်ငြိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်ကြားမှ ဇန်န၀ါရီ ၁၃ရက် ညအချိန်တွင် လှည့်ကင်းလှည့်သည့်ရဲတပ်ကြပ်တစ်ဦး ဘင်္ဂါလီများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အလားတူ မောင်တောနယ်စပ်နှင့် ပြိုင်တူထုတ်ပြန်ခဲ့သော ဘူးသီးတောင်မြို့တွင်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

Author:  မောင်ကံ
7day Daily

မောင်တောမြို့တွင် ဒုချီးရားတန်းအနောက်ရွာတွင် ဇန်န၀ါရီ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားအပြီးတွေ့ရစဉ်။ အဆိုပါမီးမှာ ရှို့မီးဖြစ်ပြီး၊ အဆိုပါကျေးရွာမှာ ရဲတစ်ကြပ်တစ်ဦး ပျောက်ဆုံးခဲ့သော ဒုချီးရားတန်းရွာနှင့် ကပ်လျက်ရှိသောရွာဖြစ်သည်။ ဓာတ်ပုံ - မောင်ကံ

No comments:

Post a Comment