Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ......

အာဖရိက ယူဂန်ဒါနိုင်ငံကပထမဆုံးဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးပါ။ သူဟာ ယူဂန်ဒါနိုင်ငံ၊ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မိသားစုမှာမွေးဖွားလာခဲ့ပါတယ်။ယူဂန်ဒါမှာဗုဒ္ဓဘာသာဆိုတာကိုလုံးဝမသိရှိခဲ့ပါဘူးတဲ့။ နောက်အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်သွားတက်ရာက ထိုင်းနိုင်ငံမှလာရောက်ကျောင်းတက်တဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီး နှစ်ပါးနဲ့  မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ထိုင်းဘုန်းကြီးနှစ်ပါးထံမှ ဗုဒ္ဓဘာသာအကြောင်း သိကြားခဲ့ရပါတယ်။နောက်တော့ထိုင်းဘုန်းကြီးနှစ်ပါးထိုင်းနိုင်ငံပြန်သွားတဲ့အခါ သူဟာအခြားဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ တွေ့ ဆုံဖို့ လိုက်လံရှာဖွေခဲ့ပါတယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားနဲ့ လည်းတွေ့ ဆုံခွင့်ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာပြီး သင်္ဃန်းစည်းကာ ဘုန်းကြီးဘ၀ခံယူခဲ့ပါတယ်။ ယခုယူဂန်ဒါနိုင်ငံမှာUganda Buddhist Center တည်ထောင်ပြီးသာသာနာပြုနေထိုင်ပါတယ်။


ညစ်ညူးစရာ၊ဒေါသဖြစ်စရာတွေမြင်ရဖန်၊ကြားရဖန်များလာတဲ့ အခါစိတ်ဟာအလိုလိုညစ်ညူးလာရပါတယ်။ ဗုဒ္ဓဘာသာအမည်ခံဘုန်းတော်ကြီးများရဲ့ မလျောက်ပတ်တဲ့တရားတွေ နာယူပြီး ဒေါသလှိုင်းမောဟလှိုင်းတွေလူတွေကြားထဲမှာ တဖြည်းဖြည်းမြင့်တက်လာတာ မြန်မာပြည်ကြီးအတွက်ကောင်းရာကောင်းကျိုးဖြစ်မယ့်အရိပ်အယောင်တစ်ခုမှမတွေ့ မိပါ။မေတ္တာတရားလက်ကိုင်ထားတဲ့ ဗုဒ္ဓဘာသာအတွက်လည်း အမည်းစက်ကြီးတစ်ခုလိုစွန်းထင်လာနေတာ ဗုဒ္ဓဘာသာဝင်များသတိပြုကြစေလိုပါတယ်။ ယူဂန်ဒါနိုင်ငံက ဘုန်းတော်ကြီးတစ်ပါး ရဲ့ သာသနာ့ရိပ်သာမှာ အာဖရိကလူမည်းကလေးတွေတရားထိုင်ပြီး၊ငြိမ်းချမ်းနေကြတဲ့ဓာတ်ပုံတွေကိုကြည့်မိတဲ့အခါ ဗုဒ္ဓသာသနာထွန်းကားရာမြန်မာပြည်မှာဘာသာရေးအတွက်မငြိမ်းမချမ်းဖြစ်နေရတာတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ မေတ္တာတရား၊ ၀ိပဿနာတရားများနှလုံးသွင်းပြီး မြန်မာပြည်သူပြည်သားအပေါင်းကမ္ဘာသူကမ္ဘာသားအပေါင်းငြိမ်းချမ်းပါစေ မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်။






















the melting pot 4 U

No comments:

Post a Comment