Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

မြန်မာမှု၊ မြန်မာ့ဟန် တွေကိုတွေ့ရမယ့် ကျွန်တော့် ရည်းစား ဘုရားမှာနေသည်

မြန်မာမှု၊ မြန်မာ့ဟန် တွေကိုတွေ့ရမယ့် ကျွန်တော့် ရည်းစား ဘုရားမှာနေသည်မြန်မာမှု၊ မြန်မာ့ ဟန်တွေကို တွေ့မြင်ရမယ့် " ကျွန်တော့် ရည်းစား ဘုရားမှာနေသည်" ရုပ်ရှင်ဇာတ်ကားကြီးကို သန်လျင်၊ ပျဉ်ထောင်ကျေးရွာမှာ ရိုက်ကွင်း စတည်ပြီဖြစ်ပါတယ်။ ဒီဇာတ် ကားမှာတောဓလေ့ တောအမူ အရာကို အခြေခံထားသလို၊ ဘုရားစေတီပုထိုးများကိုလည်း ပရိသတ်တွေ ဖူးမြော်ရမှာဖြစ်ပါ တယ်။
 ဦးပန်းချီစိုးမိုးက ဒီဇာတ်ကား ရိုက်ဖြစ်တဲ့ အဓိက အကြောင်း ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှုအ မွေအနှစ်၊ ရှေး ဟောင်းကျောင်းဆောင် စေတီပုထိုးများကို ဖော်ကျူး ရိုက်ကူးချင်တဲ့ ဆန္ဒကြောင့် ရိုက်ကူးတာ ဖြစ်ပြီး မြန်မာ့ယ ဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ တောဓလေ့ရွာဓလေ့မှာ ဘုန်းကြီးတွေ ဆွမ်းခံကြွလာတဲ့ မြင်ကွင်းတွေကို ကမ္ဘာက သိအောင်ပြချင်တဲ့ဆန္ဒရယ်၊ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် တကယ့် စေတီပုထိုးတွေ ရှေးဟောင်း ရိုးရာဓလေ့အမွေတွေကို ဖော်ထုတ် ပြချင်တဲ့ အတွက် ရိုက်ကူးခြင်းပဲ ဖြစ်ကြောင်း ပြောပြပါတယ်။
 " တကယ်တော့ မြန်မာနိုင်ငံ ရဲ့ယဉ်ကျေးမှု၊ ဘုန်းတရား၊ ဘုန်းစေတီတွေကို အခြေခံ ရိုက်ထားတယ်။ ထွက်လာမှ ဝေဖန်စေချင်တယ်။ ဒီကားမှာ သုံးပွင့် ဆိုင်အချစ် ဇာတ်လမ်းပေါ့။ တစ်ယောက် ပစ္စုပ္ပန် လူသား၊ တစ်ယောက်က သိုက်နန်းရှင်မျိုး ဒါကိုရိုက်ကူးပြီး မြန်မာယဉ်ကျေးမှု၊ မြန်မာအဝတ်အစား ရိုးရာဓလေ့တွေ ထည့်သွင်းတယ်။ အဓိကကတော့ နိုင်ငံခြားထိ ပြနိုင်အောင်ရည်ရွယ်တာပါ" လို့ဇာတ်ကားနဲ့ ပတ်သက်ပြီး ပန်းချီစိုးမိုးက ပြော ပြခဲ့ပါတယ်။
သရုပ်ဆောင် စိုးရန်အောင် ကလည်း ယဉ်ကျေးမှုအနုပညာ ဘုရား၊ စေတီပုထိုးတွေနဲ့ တော တောင်ရွာ ဓလေ့တွေကို ထည့် ရိုက်မှာဖြစ်တဲ့ အတွက် ပရိသတ် တွေကို စောင့်မျှော် အားပေးစေ ချင်တယ်လို့ ပြော ပြခဲ့ပါတယ်။
သိုက်နန်းရှင် မြနန်းနွယ် အဖြစ် သရုပ်ဆောင်တဲ့ မိုးယုံစံကလည်း" မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက သိအောင်လုပ်တာ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ ဒီကားမှာမိုးယုက မြန်မာမှု စစ်စစ်ကို အများဆုံးဖော်ပြဖို့အ တွက်အဝတ်အစား ဆံပင်တွေကအစ မှားယွင်းမှု မရှိအောင်သေချာပြင်ဆင် ထားတယ်။ ဒီကား ကိုတခြား နိုင်ငံမှာပါပြဖို့ ရည်ရွယ်ထားတဲ့ အတွက် မြန်မာမှုမြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အများဆုံးပါမယ့် ကားဖြစ်လို့ ပရိသတ်တွေကို စောင့်ကြည်စေချင်တယ်" လို့မိုးယုစံက ပြောပါတယ်။ အဆိုပါ ဇာတ်ကားကို သန်လျင်နဲ့ အညာဒေသရဲ့ ကျေးလက် သဘာဝကို ထည့်သွင်းရိုက်ကူးဖို့ အတွက် ပုဂံ၊ရေစကြို၊ပခန်း စသည့်နယ်များသို့ သွားရောက်ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment