Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

မင်းရဲကျော်စွာစခန်းအနီး လမ်းများပေါ်တွင် အရောင်းအဝယ် လုပ်သည့် မော်တော်ယာဉ်များကို ဖယ်ရှား

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်မြို့တော် လမ်းမတော်မြို့နယ်ရှိ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းအနီး လမ်းများပေါ်တွင် ယာဉ်အရောင်းအဝယ် လုပ်သည့် မော်တော်ယာဉ်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင် ဖယ်ရှားနေကြောင်း အဆိုပါ လမ်းများပေါ်တွင် ယာဉ်ရောင်းဝယ်သူများက ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရှေ့တွင်လည်း မော်တော်ယာဉ်များ ရပ်တန့် အရောင်းအဝယ်လုပ်၍ မရတော့ကြောင်း ယာဉ်ဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောဆိုသည်။

ယာဉ် မရပ်ရခြင်းကြောင့် အရောင်းအဝယ် အေးစက်ပြီး ယာဉ်ဝယ်လိုသူ များမှာလည်း လိုက်လံ ရှာဖွေ ဝယ်ယူနေရကြောင်း မင်းကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောကြားသည်။

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း၌လည်း နေရာ ဦးထားသူများ ရှိပြီး တစ်စီးရပ်စာ နေရာတစ်ခုလျှင် ကျပ် ၂၀,၀၀၀ ဖြင့် ပြန်လည် ရောင်းချနေကြောင်း ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။

The Voice Weekly


No comments:

Post a Comment