Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ထိုင်းဝန်ကြီးချုပ်ရင်လတ် ဘန်ကောက်နဲ့ဝေးရာသွားပြီ


 - 
ရက်ပေါင်းများစွာ ဆန္ဒပြတာတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ရင်လတ်  ဘန်ကောက်မြို့တော်ကနေ မိုင် ၉ဝ ဝေးတဲ့နေရာမှာ ရုံးသွားထိုင်နေပါတယ်လို့ သူ့ရုံးကနေ ဒီကနေ့ သိရပါတယ်။
ဘယ်နေရာလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ဘန်ကောက်ရဲ့ အစိတ်အပိုင်း အတော်များများကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားတာပါ လို့
http://www.irrawaddy.org/asia/thai-pm-leaves-bangkok-bombs-gunfire-punctuate-unrest.html မှာ ရေးထားပါတယ်၊ ဝန်ကြီးချုပ် ဘန်ကောက်ကို ဘယ်တော့ ပြန်လာမယ် ဆိုတာကိုတော့ သူ့ရုံးက ပြောဆိုခြင်း မရှိပါဘူး။

သူ့ကို ဘန်ကောက်မှာ နောက်ဆုံး တွေ့ရတာကတော့ ပြီးခဲ့တဲ့အပတ်ကပါ။ လာမယ့် ကြာသပတေးဆိုရင်  ဘန်ကောက်မှာ လုပ်မယ့် အဂတိလိုက်စားမှုကိစ္စကြားနာပွဲတခုကို သူ တက်ဖို့ရှိပါတယ်။

မနက်ဖြန် ဆိုရင် အစိုးရအဖွဲ့အစည်းအဝေး လုပ်ရမယ်၊ ဘန်ကောက်အပြင်ဘက်မှာ လုပ်ဖို့ များတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ်ရင်လတ် နုတ်ထွက်ပေးရေး ဆန္ဒပြသူတွေကတော့ နောက်ဆုတ်မယ့်အနေအထား မရှိသေးပါ။

မနေ့ကတော့ ဘန်ကောက်မှာ ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ဘယ်သူ့လက်ချက်လည်း ဆိုတာ မသိရသေးပါဘူး။
ဒီအကြောင်း ဧရာဝတီမြန်မာပိုင်းစာမျက်နှာ http://burma.irrawaddy.org/news/2014/02/24/55379.htmlမှာ ဘန်ကောက်မြို့လယ် ဗုံးကွဲမှု ၃ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း တက်လာပါတယ်။
ပေါက်ကွဲမှုအကြောင်း အဲဒီသတင်းမှာ ပိုပြီးပြည့်ပြည့်စုံစုံဖတ်ရပါလိမ့်မယ်။
ဝန်ကြီးချုပ်ကတော့ ကလေးငယ်တွေသေဆုံးရတဲ့ အဲဒီပေါက်ကွဲမှုအတွက် သူ့ facebook ကနေ ကန့်ကွက် ရှုတ်ချ ရေးသားလိုက်ပါတယ်။
နိုင်ငံရေးအမြတ်ထုတ်ရေးအတွက် လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ အကြမ်းဖက်လိုက်တာပဲ လို့ ရေးလိုက်ပါတယ်။ 

 

တနင်္ဂနွေနေ့ ဘန်ကောက်မြို့ ဗုံးပေါက်ပွဲမှုအပြီး တွေ့ရတဲ့ မြင်ကွင်းတခု (ဓာတ်ပုံ- Reuters)

ကလေးတွေကို ဆန္ဒပြတဲ့နေရာမှာ ခေါ်မထားကြဖို့ ဆန္ဒပြခေါင်းဆောင်တွေ၊ မိဘတွေကို ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။
 

~
  • ဆက်စပ်သတင်းများ~

~ဘန်ကောက်မြို့လယ် ဗုံးကွဲမှု ၃ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာ
http://burma.irrawaddy.org/news/2014/02/24/55379.html
 
~ 
ယင့်လတ် အစိုးရ နုတ်ထွက်ရေးမှ လွဲ၍ အခြားမရှိဟု ထိုင်း အတိုက်အခံ ခေါင်းဆောင် ပြော

http://burma.irrawaddy.org/news/2014/01/13/53330.html
 
 ~ 
Thai PM Leaves Bangkok As Bombs, Gunfire Punctuate Unrest

http://www.irrawaddy.org/asia/thai-pm-leaves-bangkok-bombs-gunfire-punctuate-unrest.html 



No comments:

Post a Comment