Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

မြစ်ကို ရေကူပြီးဖြတ်ကာ ကျောင်းသို့ စာသင်အောင် သွားသော ဆရာ

1

အိန္ဒိယနိုင်ငံမှ Mr Mallik လို့ အမည် တွင်သော ဆရာဟာ နေ့ တိုင်း မြစ် ကိုရေကူး၍  ဖြတ် ကာ ကျောင်း သို့ နံနက် ၉ နာရီရောက်အောင် သွားပါတ ယ်။ ရေ ကူးပြီး သွားရတဲ့ အကြောင်းရင်း ကတော့ ကျောင်းသို့စောရောက်ရန်နှင့် တပည့်များကို စာသင်ရန် အချိန်ပိုရအောင် သွားရခြင်း ဖြစ်ပါတယ်။
ထိုကျောင်း သို့ ကားဖြင့်သွားလျှင် ၃ နာရီကြာပြီး မြစ်မှ ရေဖြတ်ကူးသွားပါက အနည်းငယ် အချိန်စောပြီး ရောက်ပါတယ်။ ဒါ့အပြင် ရေကူးပြီး တောင်တက်လမ်းကြမ်းကို မီးနစ်အနည်းငယ် သွားမှသာ ကျောင်းသို့ ရောက်ပါတယ်ဟု ဆရာဖြစ်သူက ပြောပါတယ်။ ဒါကြောင့် ကျောင်းသို့ရောက်ရန် ကုန်း တစ်ထန် ရေတစ်ထန် မိုးတစ်ထန်နဲ့ သွားရတယ်လို့ ဆိုရမှာပေါ့။
သူဝတ်ထားသော အဝတ်အစားတွေကို အထုပ်ထုပ်ကာ လက်တစ်ဖက်ဖြင့် မြောက်ပြီး ရေကူးသွားပါတယ်။ ရေကူးရာတွင် အကူအဖြင့် ဘောကွင်းတစ်ခုကို ခါးမှချိတ်ပြီး ကူးသည့်အတွက် အန္တရာယ်ကင်းစွာ ရှိပါတယ်ဟာ ဆရာဖြစ်သူ Mr Mallik က ဆိုပါတယ်။ သူ၏ အသက်ကတော့ ၄၀ ဖြစ်ပြီး ကျောင်းမှာ လုပ်သက် အနှစ် ၂၀ ရှိပါပြီ။ ယခု သူရရှိတဲ့ လစာကတော့ Rs ၂၅၀၀၀ ဖြစ်ပါတယ်။ သူဟာ ကျောင်းသားတွေကို အမြဲတန်း မှာကြား တာကတော့ သူအခုလာတဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေကို တစ်နေ့ ငါ့တပည့်တွေ ဖြိုးဖွံတိုးတက်တဲ့ ခရီးလမ်းတွေ ဖြစ်အောင် ဆောင်ရွက်ရမယ်ဟု ပြောပါတယ်။
မှတ်သားစရာ
ကိုယ်ကျိုးထက် အများအကျိုးကို သည်းပိုးနိုင်တဲ့ သူသာလျှင် လူတော်လူကောင်း တစ်ယောက် ဖြစ်ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment