Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 21, 2014

တစ်ကိုယ်တော် ဖျော်ဖြေပွဲ မေလတွင် လုပ်ရန် ပြင်ဆင်နေဟု မာရဇ္ဇဆို


Friday, February 21, 2014
ကိုယ်ပိုင်သံစဉ် သီချင်းကောင်း များစွာကို ကိုယ်တိုင်ရေးသား သီဆို အောင်မြင်ခဲ့တဲ့ တေးသံရှင် မာရဇ္ဇက ဂီတသက်တမ်း နှစ်၂၀ ပြည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မေလအတွင်း ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ The Voice ကို ပြောပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး “ကျွန်တော့်ရဲ့ ဂီတ သက်တမ်းက နှစ်၂၀ ပြည့်ခါနီးပါပြီ။ အဲ့ဒါကြောင့် ကျွန်တော့် ပရိသတ်တွေနဲ့ ဆုံပြီး သီချင်းတွေ အများကြီး ဆိုပြချင်တဲ့အတွက် ဒီပွဲလေးကို စီစဉ်နေတာပါ။ ဒီပွဲမှာ ကိုယ်တိုင် ဆိုချင်တဲ့ သီချင်းလေးတွေ၊ ပရိသတ်တွေကြားမှာ ပေါက်ထားတဲ့ သီချင်းလေးတွေ ဆိုပြဖို့ ရွေးထားပါတယ်။ ဒီပွဲကို မေလ ၃ ရက်နေ့ အမျိုးသား ကဇာတ်ရုံမှာ လုပ်ဖို့ စီစဉ်ထားပါတယ်” လို့ မာရဇ္ဇက ပြောပါတယ်။

မြန်မာနိုင်ငံမှာက တစ်ကိုယ်တော်ရှိုး ဆိုပေမယ့်၊ ဧည့်သည် တေးသံရှင်တွေ အများကြီး ဖိတ်ခေါ်ပြီး ပါဝင် သီဆို ခိုင်းကြတာတွေ ရှိပေမယ့် ၎င်းရဲ့ ပွဲမှာတော့ ဒီအစဉ်အလာကို မြေလှန်ချင်တဲ့အတွက်၊ သမီးဖြစ်သူ လုလုကိုတောင် ပါဝင် မသီဆိုခိုင်းဘဲ၊ ပရိသတ်များကို တစ်ဦးတည်း သီဆို ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း၊ လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ပရိသတ်များ အတွက် စီးရီးအသစ် တစ်ခွေ စီစဉ်နေကြောင်း၊ နောက်ဆုံး ထွက်ရှိထားတဲ့ ဇာတ်ပေါင်းနဲ့ ဆယ့်နှစ်လက်မ တစ်ပေ စီးရီးမှာ ကိုယ့်အကြိုက်တွေကို ဦးစားပေးခဲ့တဲ့ အတွက် ပရိသတ်များ အကြိုက်နဲ့ နည်းနည်း ဟသွားခဲ့ကြောင်း၊ စီးရီးအသစ်မှာတော့ ပရိသတ်များ ကြိုက်ပြီး၊ သဘာဝဆန်တဲ့ သီချင်းမျိုးတွေကို ဦးစားပေး ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ စီးရီးခေါင်းစဉ် ကိုတော့ အသစ်က ပြန်စမယ်လို့ အကြမ်းဖျင်း ပေးထားပြီး အောက်တိုဘာလလောက် ထွက်ဖို့ မှန်းထားကြောင်း မာရဇ္ဇက ထပ်လောင်း ပြောကြားပါတယ်။

The Voice Weekly

No comments:

Post a Comment