Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ရခိုင်ပြည်အမျိုးသားကောင်စီ ပြည်တွင်းသို့ ပြန်ဝင်နိုင်ရေး ရခိုင်-ဘင်္ဂလီကိစ္စ အခက်အခဲ တစ်ခုဖြစ်


Sunday, February 16, 2014

ရန်ကုန် ၊ မဇ္ဈိမ။ ။ နယ်စပ်အခြေစိုက် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ရေး အတွက် ရခိုင်-ဘင်္ဂလီ လူမျိုးရေးပြဿနာသည် အခက်အခဲတစ်ခုအဖြစ်ရှိနေသည်ဟ
ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ဖေဖော်ဝါရီ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်အခြေစိုက် တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ရခိုင်ပြည်အမျိုးသားကောင်စီသည် လက်ရှိတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲခြင်းအတွက် လက်မှတ်ထိုးနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရေးတွင်
ခက်ခဲလျှက်ရှိနေသည်။

“အစိုးရဘက်ကပြောတာက လူမျိုးကိစ္စတွေဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ကျွန်တော်တို့ ပြန်အခြေစိုက်ဖို့ ခွင့်ပြုမယ့်ကိစ္စမှာ ခက်ခဲနေတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ ရပ်တည်မှုဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ မဆိုင်ဘူး
တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖြစ်တယ်ဆိုတာ ပြန်တင်ပြပါတယ်”ဟု ဦးထွန်းဇော်ကဆိုသည်။

ရခိုင်ပြည်အမျိုးသားကောင်စီသည် မြန်မာနိုင်ငံသို့ ပထမအကြိမ်လေ့လာရေး လာရောက်သောခရီးစဉ်လည်းဖြစ်သည်။

“အစိုးရက တိုင်းရင်းသားအားလုံး စုစုစည်းစည်းးနဲ့ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ဖိတ်ခေါ်တယ်။ သူတို့ကလည်း မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာလေ့လာတယ်၊ ဒီလောက်ပါပဲ ကျန်တာကတော့ တစ်ဆင့်ခြင်းသွားရမယ့်ကိစ္စပါ”ဟု
ANC နှင့်ဆွေးနွေးမှုအခြေအနေကို ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားကောင်စီသည် ၂၀၀၄ ခုနှစ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အစည်းအရုံး(AASYC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD(ပြည်ပ)၊ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ရဟန်းသမဂ္ဂ(RSU)၊ ရခိုင်ပြည်တပ်မတော်
(AA)တို့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုအဖွဲ့ဖြစ်သည်။

ANC တွင် ပါဝင်သောအဖွဲ့ဝင်အချို့သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီUNFC၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ကာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။

Photo Caption>>>>>>>>ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)တွင် ဖေဖော်ဝါရီလ ၁၆ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Nyo Ohn Myint Facebook)

Mizzima - News in Burmese

No comments:

Post a Comment