Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူများ


ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယ ကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည် စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။

အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယ ကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘင်္ဂလား ကျားလို့လည်း ခေါ်ပါတယ်။

ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။ အထီးဟာ အရှည်အားဖြင့် ၁၁၀ မှ ၁၂၀ လက်မ၊ အမ ၉၄ မှ ၁၀၄ လက်မ ရှိပါတယ်။ ပေါင်ချိန်ကတော့ အထီးက ၄၄၈ ပေါင်၊ အမ ၃၀၈ ပေါင် လောက်ထိ ၀ိတ် ရှိပါတယ်။ အဖြူရောင် ဆိုပေမယ့် အနက်ရောင် အဆင်းများလည်း ပါရှိပါတယ်။

ယနေ့မှာဆိုရင် အရေအတွက် ၁၂၀၀ ကျော်ဝန်းကျင်တောင် ကျန်ရှိဖို့ မသေချာ တော့တဲ့ ကျား ဖြစ်ပါတယ်။ နောင် နှစ်အနည်းငယ် အတွင်း မျိုးသုန်း တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကျားဖြူနဲ့ ဘင်္ဂလားကျားမျိုးများကို ရှားပါးအဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာကလည်း ရှားပါး တိရစ္ဆာန်စာရင်းထဲ ထည့်သွင်း ထားပါတယ်။

မျိုးပွားဖို့ ကြိုးစားပေမယ့် အရေအတွက် ကျားဖြူများရဲ့  အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
YoYarLay

No comments:

Post a Comment