Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

မန္တလေးတွင် ရင်ချင်းဆက်အမြွှာ အောင်မြင်စွာ မွေးဖွားနိုင်သော်လည်း ၃၃ နာရီအတွင်း သေဆုံး



မန္တလေး၊ ဖေဖော်ဝါရီ ၁၉

မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရင်ချင်းဆက် ယောက်ျားလေး အမြွှာကို အောင်မြင်စွာ ခွဲစိတ် မွေးဖွား နိုင်ခဲ့သော်လည်း ကလေးငယ်များ၏ ကိုယ်တွင်း ကလီစာများသည် အပိုလာသည့် အိတ်ထဲသို့ ရောက်ရှိနေသည့် အတွက် မွေးဖွားပြီး ၃၃ နာရီ အကြာတွင် သေဆုံးသွားကြောင်း မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားသည်။

ကလေးငယ်များသည် ရင်ချင်းဆက် ဖြစ်နေသည့်အတွက် လိုအပ်သည့် ဆေးဝါး စောင့်ရှောက်မှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကပင် မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံကြီးမှ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသခဲ့ရာ ကလေးငယ်များ၏ ကိုယ်တွင်း ကလီစာများသည် ရင်ချင်းဆက် အပြင်ဘက်တွင် အပိုပါလာသည့် အိတ်ထဲသို့ ဝင်နေခြင်း၊ သွေးပေါင်ချိန် ကျနေခြင်း၊ ရင်ညွန့်ရိုး ဆက်နေခြင်း၊ ညှပ်ရိုး ဆက်နေခြင်း၊ ဦးနှောက် အောက်ဆီဂျင် နည်းနေခြင်း၊ နှလုံး ဆက်နေခြင်းတို့ကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၅၅ မိနစ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ ကျော်စိုးက ရှင်းပြသည်။

“နှစ်ယောက်စလုံးရဲ့ အောက်ဆီဂျင် ပြည့်ဝမှုက ၇၈ နဲ့ ၈၈ ကြားမှာ ရှိတယ်၊၊ ရင်ဘတ်နဲ့ ချက်က ဆက်နေတယ်။ အပြင်မှာ အိတ်ကြီး အပိုပါနေတယ်။ ချက်ကြိုးဆိုပြီး မပါဘဲနဲ့ အိတ်ထွက်နေတယ်။ အဲဒီအိတ်ထဲကို အသည်းတွေ၊ အူတွေ ပါနေတယ်။ သွေးပေါင်ချိန်ကလည်း ကျနေတာ၊ သွေးပေါင်ချိန် ကျလို့ ည ၁၀ နာရီမှာ သွေးဖိအား တက်အောင် ဆေးသွင်းရတယ်။ အသက်ရှူ မဝတော့ Tube ထည့်ရတယ်။ ဓာတ်မှန် ရိုက်တော့ ရင်ညွှန့်ရိုး ဆက်နေတယ်။ နှစ်ယောက်လုံးက နှလုံး တစ်ခုတည်းလို့ ယူဆရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ် ဇေယျဝတီ ကျေးရွာနေ ဦးကျော်နိုင်၏ ဇနီး ဒေါ်အေးအေးမြမွန်သည် ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ရာတွင် ရင်ချင်းဆက် ယောက်ျားလေး အမြွှာကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဗဟိုအမျိုးသမီး ဆေးရုံတွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံတွင် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့က တင်ချင်းဆက် အမြွှာ နှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော် တို့ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း အဆိုပါ ဆေးရုံ မှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment