Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

နွေရာသီ ကြက်သား၊ ပင်စိမ်း ဟင်းချို


ပေါ့ပေါ့ပါးပါး၊ ပူပူနွေးနွေး ကြက်သားပြုတ်ရည် ဟင်းချိုတစ်ခွက်ဖြစ်မှာပါ။ အကာမာတဲ့ ပေါင်မုန့်ကြမ်းနဲ့ တွဲဖက်စားရင် သိပ်ကောင်းပါတယ်။ ချက်ပြုတ်ချိန်ကတော့ မိနစ် ၅၀ပဲကြာမှာပါ။

ပါဝင်ပစ္စည်းများ

သံလွင်ဆီ (စားပွဲတင်ဇွန်း- ၁ဇွန်း)

ကြက်သား (ကြက်ပေါင် ၈ တုံးခန့်)

ဂျုံမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း)

ငြုပ်သီးအကြမ်းဖက် (စားပွဲတင်ဇွန်း ၂ဇွန်း)

အာလူး အလုံးသေး ၁၂လုံး (ထပ်ခြမ်း)

ဝိုင်ဖြူ ၁၅၀ မီလီ လီတာ

ကြက်သားပြုတ်ရည် ၂၀၀ မီလီ လီတာ

ပင်စိမ်းရွက် ၂၀

အကာသားမာကြွပ်တဲ့ ပေါင်မုန့်ကြမ်း (တွဲဖက်စားသုံးရန်)

ချက်ပြုတ်နည်း

၁။ အိုးကြီးကြီးနဲ့ သံလွင်ဆီကို အပူပေးပါ။ ကြက်ပေါင်တွေကို ဂျုံမှုန့်ဖြူးပြီး အိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ချက်ပါ။ ကြက်သားတုံးတွေကို တစ်ဖက်လှန်ပါ။ အားလုံးနီရဲသွားတဲ့အထိ တည်ပါ။

၂။ ငြုပ်သီးအကြမ်းဖတ် နဲ့ အာလူးကို အိုးထဲထည့်ပြီး ၃မိနစ်ခန့် ဆက်တည်ပါ။ ပြီးရင် ၀ိုင်ဖြူ နဲ့ ကြက်သားပြုတ်ရည် ကို လောင်းထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်၊ စား နဲ့ ငြုပ်ကောင်းမှုန့်တွေကိုလည်း ထည့်ပါ။ အိုးကို အဖုံးအုပ်ပြီး  ၂၀၊ ၂၅မိနစ်လောက်ကြာအောင် ဆူတဲ့အထိတည်ပါ။ ကြက်ပေါင် နူးတဲ့အထိ တည်ပါ။ ရရင် ပင်စိမ်းရွက် ခတ်ပြီး နောက်ထပ် ၅မိနစ် ဆက်တည်ပါ။  ပြီးရင်တော့ အကာသား မာကြွပ်တဲ့ ပေါင်မုန့်နဲ့ တွဲဖက်စားနိုင်ပါပြီ။

Ref:bbcgoodfood.com
Trend Myanmar

No comments:

Post a Comment