Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

ဗြိတိသျှစာကြည့်တိုက်၏ မြန်မာပိုင်းဆိုင်ရာ သမိုင်းမှတ်တမ်းရှားပါးဓာတ်ပုံများရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်တွင် ခင်းကျင်းပြသနေ


ရန်ကုန် ဖေဖေါ်ဝါရီ ၁၉

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်တစ်ခုဖြစ်သော ဗြိတိသျှစာကြည့်တိုက်တွင် စုဆောင်းထား သည့် မြန်မာပိုင်းဆိုင်ရာ အထောက်အထား သမိုင်းမှတ်တမ်းအချို့ကို ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ခင်းကျင်းပြသထားသည်။

မြန်မာ့ရှေးအကျဆုံး ဓာတ်ပုံခေတ်အကြောင်းနှင့် ရှားပါးဓာတ်ပုံ ၂၇ ပုံ အပါအ၀င် ပြကွက်ပေါင်း ၄၆ ကွက် ပြသထားပြီး မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည် ။ ပြပွဲပြီးစီးသွားပါကလည်း ယင်းပြကွက်များကို ရန်ကုန်မြို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ဆက်လက်ထိမ်းသိမ်းထားမည်ဟု သိရသည်။

ကျော်ရဲလင်း

ဓာတ်ပုံ အောင်နိုင်စိုးးး(ကစ္ဆပ)
Myanma Spectrum

No comments:

Post a Comment