Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 15, 2014

ရောင်းစားခံရသူ သမီးကို ဖခင်က အင်တာနက်ဖြင့် ကယ်တင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ -တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ သမီးဖြစ်သူကို ဖခင်က အင်တာနက် အဆက် အသွယ် ကနေ တစ်ဆင့် သိရပြီး ကယ်တင်နိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ယခင် တစ်ရွာတည်းနေထိုင်သူ သုံးဦးရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံမှာ တစ်လ ယွမ်ငွေ ၂၀ဝ၀ ခန့်ရမယ်၊ မြန်မာငွေနဲ့တွက်ရင် သိန်းချီရမယ်ပြောတာကြောင့် သမီးဖြစ်သူကို ထည့်ပေးလိုက်ကြောင်း သိရပါတယ်။ 

၂၀၁၃ ဧပြီမှာ သမီးဖြစ်သူကို ခေါ်ဆောင်သွားတဲ့ အဆိုပါမိသားစု ၎င်းတို့ကျေးရွာကို ပြန် လည် ပြောင်း ရွှေ့နေ ထိုင်လာ သဖြင့် သမီးဖြစ်သူနဲ့ ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တောင်းပေမဲ့ မရရှိခဲ့ကြောင်း လူကုန် ကူးခံရ သူရဲ့ ဖခင်က ဆိုပါတယ်။ ၂၀၁၄ ဇန်နဝါရီလထဲမှာ အင်တာနက်မှတစ်ဆင့် သမီးဖြစ်သူနဲ့ အဆက် အသွယ် ရပြီး တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၆၀,ဝ၀ဝ နဲ့ ရောင်းစားခဲ့ကြောင်း သိရှိရပါတယ်။
၎င်းရဲ့ သမီးဖြစ်သူက ဖုန်းနံပါတ်ပေးတာကြောင့် အဆက်အသွယ်လုပ်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (မူဆယ်) ကို ဖခင်ဖြစ်သူက တိုင်ကြားခဲ့ပါတယ်။ 

တပ်ဖွဲ့စု (မူဆယ်)မှ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ကယ်ဆယ်ခဲ့ပြီး ရောင်းစားခဲ့တဲ့ မိသားစုသုံးဦးကို (ပ) ၁၈/၂၀၁၄ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ (က) နဲ့ အမှုဖွင့်အရေးယူထားပါ တယ်။ ရောင်းစားခံရသူ အမျိုးသမီးငယ်ဟာ အသက် ၁၉ နှစ်သာရှိသေးပြီး ပြန်လည်ကယ်တင်ချိန်မှာ ကိုယ်ဝန် ရှစ်လရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Author: ရဲလင်းလင်းသန်း
Credit To :Kumudra

No comments:

Post a Comment