Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

မဲခေါင်နိုင်ငံများနှင့် အာဆီယံစီးပွားရေး အဆောက်အအုံ အတွက် လက်ဦးမှုယူဖို့ခြေလှမ်းပြင်လာတဲ့ဂျပန်

Monday, February 24, 2014

ဖေဖော်ဝါရီ ၁၈ ရက်က ဂျပန်နိုင်ငံ ဟာ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ မဲခေါင်မြစ်နဲ့ ထိစပ်နေတဲ့နိုင်ငံတွေဆီမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်း စဉ်တွေမှာ ကြီးကြီးမားမားအကူအညီ ပေးမယ့်အစီအမံတစ်ရပ်ကိုသဘောတူညီမှု ရယူခဲ့ပါတယ်။ အဲဒီသဘောတူညီမှုမှာ ၂ဝ၁၅ နှစ်ကုန်ပိုင်းမှာ အာဆီယံနိုင်ငံတွေ ရဲ့စီးပွားရေးကဏ္ဍတွေကို တစ်ခုတည်း ပေါင်းစည်းမယ့် အာဆီယံစီးပွားရေး အဆောက်အအုံစတင်ရေးအတွက် လိုအပ် မယ့်အကူအညီတွေ ပေးအပ်မယ့်အစီ အစဉ်တွေပါဝင်ခဲ့သလိုဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဖော်ဆောင်မယ့် လုပ်ငန်း စဉ်တွေနဲ့မဲခေါင်နိုင်ငံတွေမှာတည်ဆောက် မယ့်အခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းစဉ်တွေမှာ လိုအပ်တဲ့အကူ အညီတွေ ပေးအပ်မယ့်အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

ဂျပန်ပါလီမန်ရဲ့ အကြီး တန်းနိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် နိုရီယို မစ်ဆူရာက တိုကျိုမှာ ကျင်းပခဲ့တဲ့ ဂျပန်-မဲခေါင်အထူးအစည်းအဝေးပွဲမှာ မဲခေါင်ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေကြားမှာ စီးပွားရေးကဏ္ဍချိတ် ဆက်မှုတွေ တိုးမြှင့်ရေးနဲ့ ဖွံ့ဖြိုးမှုကွာဟ ချက်တွေ လျှော့ချရေးကဏ္ဍတွေမှာ ဂျပန် ဘက်ကလိုအပ်
တဲ့အကူအညီတွေ ပေးအပ် ပြီး ချောမွေ့တဲ့ အခြေအနေတွေဖြစ်ပေါ်
အောင်ကြိုးစားဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

ဂျပန်ရဲ့မျှော်မှန်းချက်ကို အနီးစပ်ဆုံး ဖွင့်ဆိုရမယ်ဆိုရင် အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံလို့သတ်မှတ် ရမယ့် စင်ကာပူနိုင်ငံနဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျ ဆုံးနိုင်ငံတစ်နိုင်ငံလို့ သတ်မှတ်ရမယ့် မြန်မာနိုင်ငံကြားမှာ ကွာဟနေတဲ့ကွာဟ ချက်တွေကို လျှော့ချပေးမယ့်ရည်မှန်းချက် မျိုးလို့ဆိုရမယ်ထင်ပါတယ်။ ဂျပန်က ပေးအပ်ဖို့ ရည်မှန်းထားတဲ့အစီအစဉ်တွေ ထဲမှာ အဲဒီ့နိုင်ငံတွေကို အနာဂတ်မှာ အားကောင်းမောင်းသန် အခြေအနေမျိုး ဖန်တီးပေးမယ့်အပျော့ထည်အခြေခံအဆောက် အအုံတွေဖြစ်တဲ့အင်စတီကျူးရှင်း တည် ဆောက်မှုတွေပါဝင်သလို
အမာထည်အခြေခံ အဆောက်အအုံလို့ သတ်မှတ်ရမယ့် လုပ်နိုင်စွမ်းအားမြှင့်တင်ရေးလုပ်ငန်းစဉ် တွေလဲ ပါဝင်မယ်လို့နိုရီယိုမစ်ဆူရာက အတည်ပြုပြောကြားခဲ့ပါတယ်။ နိုရီယို မစ်ဆူရာက ဂျပန်ရဲ့မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ''မဲခေါင်ဒေသအတွက် ဂျပန်ကပေးအပ်မယ့် အကူအညီတွေဟာ ဒေသတွင်းဖွံ့ဖြိုးမှုကြီးထွားလာရေးကို စွမ်းအားမြှင့်ပေးဖို့ပါပဲ။ ဒီဒေသတွင်းမှာ ရှိတဲ့အထီးကျန်နိုင်ငံအဖြစ်ကို ရောက်နေတဲ့ နိုင်ငံတွေကိုလဲ ရေရှည်ဖွံ့ဖြိုးမှုအလား အလာကောင်းတွေ ပိုင်ဆိုင်တဲ့အခြေအနေ မျိုးရောက်ရှိအောင် တွန်းတင်ပေးဖို့ရည်ရွယ် ထားပါတယ်။ အာဆီယံနဲ့ မဲခေါင်ဒေသ ဟာ မဝေးတော့တဲ့ ကာလတစ်ခုမှာကမ္ဘာ့ စီးပွားရေး အဆောက်အအုံအတွက် အရေးပါတဲ့ဒေသတစ်ခုဖြစ်လာဖို့သေချာ နေလို့ဒီအစီအစဉ်တွေကို ဖော်ဆောင်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်'' လို့ပြောခဲ့ပါ တယ်။ ၂ဝ၁၂ ခုနှစ်က ကျင်းပခဲ့တဲ့ ဂျပန်-မဲခေါင်ညီလာခံမှာ ဒေသတွင်း နိုင်ငံတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် ဘက်ကယန်းဘီလီယံခြောက်ရာအကူအညီ ပေးမယ့်အစီအစဉ်ကို သဘောတူညီမှု ယူခဲ့သလို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ဂျပန်-မဲခေါင်ပူးပေါင်းရေး ဖိုရမ်မှာလဲ မဲခေါင်ဒေသတွင်းနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂျပန်ဘက်က ယန်းနှစ်ရာဘီလီယံ အထောက်အပံ့ပေး မယ့်အစီအစဉ်ကို သဘောတူညီမှုယူနိုင်ခဲ့ ပါတယ်။ ဒါတွေဟာ နိုရီယိုမစ်ဆူရာ ပြောသလိုအာဆီယံနဲ့ မဲခေါင်ဒေသတွင်း နိုင်ငံတွေအပေါ် ဂျပန်ဘက်ကအာရုံစိုက် နေတယ်ဆိုတာကို ထင်ထင်ရှားရှားပြသ နေတဲ့ ဖြစ်ရပ်တွေလို့ ဆိုရမှာပါ။
ဂျပန်-မဲခေါင်ဖိုရမ်မှာ မဲခေါင်ဒေသ တွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေက အစိုးရအရာရှိတွေတင်မကဘဲ ကျန်အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါတက်ရောက်ခဲ့တာဖြစ်လို့ အာဆီယံနဲ့ ဂျပန်ကြားက အရေးကြီးတဲ့ပူးပေါင်း ဆောင်ရွက်မှုတွေဖြစ်တယ်လို့ သတ်မှတ် ရပါလိမ့်မယ်။ လာအိုပို့ဆောင်ရေးနဲ့အလုပ် သမားဝန်ကြီးဌာန ဝန်ကြီးဆွမ်မက်ဖူလ် ဆီနာက လာအိုနိုင်ငံတွင်းမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီပေးမှုတွေ မြင့်တက်လာ
တာကြောင့် နိုင်ငံရဲ့အခြေခံ အဆောက်အအုံပိုင်းမှာ တိုးတက်မှုသိသိ သာသာပိုရှိလာသလို ဥပဒေစိုးမိုးမှုနဲ့ ဈေးချိုတဲ့လုပ်သားဈေး
ကွက်အပေါ်အခြေ ပြုတဲ့ကုန်ထုတ်စွမ်းအားလည်း မြင့်မား လာခဲ့လို့ မဲခေါင်ဒေသတွင်းနိုင်ငံတွေ အတွက် တန်ဖိုးရှိတဲ့လုပ်ဆောင်ချက်မျို
ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ဆွမ်မက်ဖူလ်ဆီနာက လာမယ့်နှစ်နှစ် အတွင်းမှာ ဂျပန်ဟာ လာအိုနိုင်ငံရဲ့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမြင့်မားဆုံးနိုင်ငံတွေ စာရင်းမှာ နံပါတ်လေးနေရာအထိရောက် လာမယ်လို့လဲပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းကလဲ ဂျပန်-မဲခေါင်ညီလာခံမှာ နိုင်ငံရဲ့အသွင် ပြောင်းလုပ်ငန်းစဉ်တွေကို ဦးစားပေး ရည်မှန်းချက်လေးရပ်နဲ့ အကောင်အထည် ဖော်ဆောင်ဖို့ပြင်
ဆင်နေတဲ့နေရာမှာ အမှန် တကယ် အကျိုးသက်ရောက်မှုရှိစေဖို့ ကြိုးစားသွားမှာဖြစ်သလိုဒေသတွင်းနိုင်ငံ တွေကြားမှာဖွံ့ဖြိုးတိုးတက်မှု
ကွာခြားချက် နည်းပါးရေးကို ဦးစားပေးအကောင်အ ထည်ဖော်ဖို့ ရည်မှန်းထားတယ်လို့ပြော ပါတယ်။ ဒီတော့ ဂျပန်ကပေးအပ်မယ့် အကူအညီတွေဟာ မဲခေါင်ဒေသတွင်း နိုင်ငံတွေအတွက် အမှန်တကယ်အကျိုး သက်ရောက်မှုဖြစ်ထွန်းစေဖို့ ရှိသလို အာဆီယံဒေသတွင်းနိုင်ငံတွေကြားမှာ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားနေတဲ့ပြဿနာ ကိုလဲ လျှော့ချပေးနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်လို့ ဆိုရမှာပါ။
ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံက တာဝန် ရှိသူတွေကလဲ မဲခေါင်ဒေသတွင်းနိုင်ငံ တွေအပေါ် ဂျပန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေဟာ အမှန်တကယ် လိုအပ်တဲ့ကဏ္ဍတွေမှာ ပေးအပ်မယ့် အကူအညီတွေဖြစ်တာကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒါကြောင့် အာဆီယံ စီးပွားရေးအဆောက်အအုံပေါင်းစည်းရေး ရည်မှန်းချက်အတွက် အမြန်ဆုံးဖော် ဆောင်ရမယ့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ အာဆီယံဒေတွင်းနိုင်ငံတွေကြားမှာ ဖွံ့ဖြိုး တိုးတက်မှုကွာဟချက်လျှော့
ချရေးဟာ ဂျပန်ဘက်ကပေးအပ်မယ့် အပျော့ထည် အခြေခံအဆောက်
အအုံတည်ဆောက်ရေးနဲ့အမာထည်အဆောက်အအုံတည်ဆောက်
ရေးအကူအညီတွေကြောင့်သေချာပေါက် ခရီးရောက်မှာပါ။

ဒီအချက်အားလုံးကို စနစ်တကျခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံဟာမဲခေါင်ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံစီးပွားရေး
အဆောက်အအုံမှာ လက်ဦးမှုယူဖို့ ခြေလှမ်းပြင်နေပြီလို့ပဲ သတ်မှတ်ရမယ်ထင်ပါတယ်။

ဂျပန်သတင်းစာတစ်စောင်ဖြစ်သော KYODO သတင်းစာတွင် ရေးသားဖော်ပြခဲ့သည့် JAPAN Vows to aid Mekong States Toward ASEAN Economic Comnunity ကိုပြန်ဆိုသည်။

The Union Daily

No comments:

Post a Comment