Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ချစ်သူများနေ့ မှာ ချစ်သူနဲ့ တွေ့ ဖို့ ထောင်ဖောက်ပြေးသူ

ဗယ်လင်တိုင်းချစ်သူများနေ့ မှာ အမေရိကန်၊အရီဇိုးနားအကျဉ်းထောင်က ထောင်သားတစ်ယောက် ဟာသူ့ ချစ်သူနဲ့ တွေ့ ဆုံဖို့  အတွက်  ထောင်နံရံနှစ်ခုကို ကျော်၊ဘလိတ်ဓားလို ထက်တဲ့ဝိုင်ယာတွေကြား ထဲကတွားသွားပြီး  ထွက်ပြေးသွားခဲ့ပါတယ်။

ထောင်ဖောက်ပြေးသွားတဲ့ အသက်၄၀ရှိပြီဖြစ်တဲ့ ဂျိုးဇက်အန်ဒရူးဒက်ခမ်းနစ်ကို သူ့ ရည်းစားနဲ့ ချိန်းထားတဲ့ ကူးလ်လစ်ဆိုတဲ့အသားကင်ဆိုင်မှာ ပြန်ဖမ်းမိခဲ့ပါတယ်။အဲဒီဆိုင်က ဖီးနစ်မြို့ ရဲ့ အရှေ့ တောင် ၃၅မိုင်အကွာမှာရှိပါတယ်။ဂျိုးဇက်ကို ကားခိုးမှု၊ကားမောင်းခွင့်ဆိုင်းငံ့ထားတဲ့လိုင်စင်နဲ့ ကားမောင်းမှု၊ ဥပဒေမဲ့တိုက်ခိုက်မှုစတဲ့ပြစ်မှုတွေနဲ့ ဇန်န၀ါရီ၁၀ရက်နေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဘလိတ်ဓားလိုထက်တဲ့ဝိုင်ယာတွေကိုဖြတ်ပြီး ထွက်ပြေးသွားတာကြောင့်ရရှိတဲ့ ပြတ်ရှဒဏ်ရာတွေ ကြီးတာကြောင့် သူ့ ကိုဆေးကုသရမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အောက်ကဓာတ်ပုံက အချစ်သူရဲကောင်းကြီး ဂျိုးဇက်ရဲ့ ဓာတ်ပုံပါ။
the melting pot 4 U

 
Source

No comments:

Post a Comment