Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

ကချင်ပြည်နယ် ဂျာအင်ယန်ကျေးရွာအနီး တရားမဝင်သစ်များ ထပ်မံသိမ်းဆည်းရမိ

 
Monday, February 24, 2014

ရက်တို့တွင် တရားမဝင်သစ် ဖော်ထုတ်ဖမ်းဆီးသည့်အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက လုံခြုံရေး လိုက်ပါဆောင်ရွက်ရာမှဂျာအင်ယန်ရွာအနီးတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တစ်ဖက်နိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်ထားသော အဖိုးတန်သစ်များ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများကို နိုင်ငံတော်
ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၂ရက်တွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရန် စုပုံထားသည့် ကျွန်း ၅၂တန်ခန့်၊ တမလန်းသစ် ၁၂၈ တန်ခန့်၊သစ်မျိုးစုံတန် ၅၀၀ ခန့်၊ ပရာဒိုတစ်စီး၊ဆိုင်ကယ်သုံးစီး၊ တဲအလုံး ၂၀ခန့်၊ ပလတ်စတစ်ပီပါအပြာ အခွံအလုံး၁၂၀၊ ဆီထည့်ထားသည့် ပလတ်စတစ်ပီပါအလုံး ၃၀၊ ဆီဘောက်ဆာ အလွတ်တစ်လုံးနှင့် တူမီးသုံးလက်တို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ၎င်းနေရာတစ်ဝိုက်နယ်မြေရှင်းလင်းခြင်း ဆက်လက်ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် လက်နက်ကိုင်အဖွဲ့၏ သစ်မှောင်ခိုသမားများထံမှ ကောက်ခံသောဆက်ကြေးဖြတ်ပိုင်းမျိုးစုံနှင့် စာရွက် စာတမ်း များ၊ သစ်ဖြတ်စက်(ချိန်းဆော)တစ်ခု၊ စက်ဆီတစ်ဂါလန်ပုံး ၁၂ပုံး၊ Tianchen တံဆိပ် ၅၀၀၀ကီလိုအထိ ချိန်တွယ်နိုင်သောဒစ်ဂျစ်တယ် ကရိန်းကတ္တားအသစ်တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက်တွင် တပ်မတော်စစ်ကြောင်းကတရားမဝင်သစ်မျိုးစုံ တန် ၅၀၀ ခန့်၊ဖေဖော်ဝါရီ ၁၄ ရက်တွင် ယန်းဖောင်းသရီးကရောင်းယာဉ် တစ်စီးနှင့်ဆိုင်ကယ်တစ်စီး၊ ဖေဖော်ဝါရီ ၁၅ရက်တွင် သစ်မျိုးစုံတန် ၁၀၀၀ ခန့်သိမ်းဆည်းရမိခဲ့သည်။တပ်မတော် စစ်ကြောင်းများကနယ်မြေ လုံခြုံရေးဆောင်ရွက်စဉ်ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိသစ်တန်ချိန် ၃၇၅၀၊ မော်တော်ယာဉ်မျိုးစုံ ၄၇ စီး၊ ဆိုင်ကယ်ခြောက်စီး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ရရှိခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar

 

No comments:

Post a Comment