Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ဇေယျာသီရိကျေးရွာမှ အသက် ၁၀၈ နှစ်ရှိသက်တော်ရှည် အဘွားအို


16-2-2014

အသက် ၁ဝ၈ နှစ်ထဲရောက်နေ ပြီဖြစ်သော သက်တော်ရှည် အဘွားအိုတစ်ဦးအား ဇရပ်ကြီး ကျေးရွာအုပ်စု ဇေယျာသီရိ ကျေးရွာ၌ တွေ့ခဲ့ရသည်။ ၄င်း အဘွားအိုကို(အဖ)ဦးခွေးနီ၊ (အမိ)ဒေါ်ညှင်းတို့မှ ၁၂၆၈ ခုနှစ် တော်သလင်းလဆန်း ၁၂ ရက် (စနေနေ့) နံနက် ၅ နာရီတွင် မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မနှင်းအိဖြစ်ပြီး (ယခုအခေါ်) ဒေါ်ရန်ပုဖြစ်သည်။

၁၃၇၅ ခုနှစ် တော်သလင်း လဆန်း ၁၂ ရက်တွင် ၁ဝ၈ နှစ်ထဲ ရောက်ခဲ့ပြီဟု သိရသည်။ အဘွား သည် အသက် ၂၅ နှစ် ကျော်တွင် တစ်ရွာတည်းနေ ဦးညီပုနှင့် အိမ်ထောင်ကြပြီး သားသမီးငါးဦး ထွန်းကားခဲ့သည်။

အကြီးဆုံး သားမှာ အသက် ၈ဝ နှစ်ရှိပြီး မြေး ၂၉ ဦး၊ မြစ် ၅၇ ဦးရှိသည်။ လွန်ခဲ့သော ၁၂ နှစ်ခန့်က အဘွား၏ မျက်လုံးများ အလင်း ကွယ်ခဲ့သည်။ သို့သော် နားကောင်း ပြီး ကျန်းမာရေးကောင်းသဖြင့် သွားလာ စားသောက်နိုင်ကာ အဘွားအိုမှာ ဥပုသ်သီလ စောင့်ထိန်းနိုင်ပြီး ဆင်းရဲချို့တဲ့စွာ နေထိုင်ရသည်။ အဘွား ဒေါ်ရန်ပုသည် ယခုအချိန်တွင် အငယ်ဆုံးသမီးဖြစ်သူ ဒေါ်လှ ဆင့်နှင့်အတူ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စု ဇေယျာ သီရိကျေးရွာ၌ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နှင့်အညီ ယနေ့တိုင် တရားဘာဝနာများကို ကျင့်ကြံ အားထုတ်လျက်ရှိသည်ဟု သိရသည်။
myanmarcnn.com

No comments:

Post a Comment