Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

ဖေဖော်ဝါရီ ၃၁


 
~ ဖေဖော်ဝါရီဆိုတာ ၂၈ ရက်လောက်ပဲ ရှိတတ်ပါတယ်။

သို့သော်လည်း ဒီနှစ်မှာတော့ ၃၁ ရက် ရှိနိုင်တယ် ဆိုတာကို သတိပေးဆိုင်းဘုတ်တခုမှာ တွေ့ရပါလိမ့်မယ်။

သလပ်ခွာတံတား ယာယီပိတ်မယ် ဆိုတဲ့ ဆိုင်းဘုတ်မှာပါ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ထဲက ဆိုင်းဘုတ် ဖြစ်ဖွယ် ရှိပါတယ်။

လူဆိုတာ အမှားနဲ့ မကင်းနိုင်ဘူး ဆိုတာ ဖေ့စ်ဘုတ်တနေရာမှာ တွေ့ရတဲ့ ဒီကြေညာချက်က ပြနေပါပြီ။

သတိပေးဆိုင်းဘုတ်တွေက ဘယ်လောက်ပဲ ပျင်းစရာ ကောင်းကောင်း၊  ဒီဆိုင်းဘုတ်လေးကတော့ ဖတ်ရတာ ပျော်စရာ ကောင်းနေတယ်မဟုတ်လား။

မည်သို့ပင် ဖေဖော်ဝါရီ ၃၁ နေသည် ဖြစ်ပါစေ ... ဒီကြေညာချက်ရဲ့ ဆိုလိုရင်းကတော့ ၂၁ ရက် နောက်ပိုင်း ညဘက်တွေမှာ တံတားပိတ်ထားမယ် ဆိုတာပါပဲ။

စပ်မိလို့ ပြောရရင် ပြက္ခဒိန်ထွင်ခဲ့သူတွေက ဖေဖော်ဝါရီကို ဘာကြောင့်များ တခြားလတွေထက် ရက်ကို လျှော့ထားရသလဲ ဆိုတာက မေးခွန်းထုတ်စရာကောင်းပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီက ၃ဝ သို့မဟုတ် ၃၁ ရက် ရှိမနေတာကလည်း ထူးခြားနေပါတော့တယ်။
 





No comments:

Post a Comment