Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

တက်တူးထိုးခြင်းကို နှစ်ခြိုက်လွန်းသူ အမျိုးသား နာမည်သစ်ကြောင့် ပတ်စ်ပို့မရ

ခန္ဓာကိုယ်၏ ကိုးဆယ် ရာခိုင်နှုန်းအား တက်တူးထိုး ထားသူ အသက် ၃၄ နှစ် အရွယ် ဗြိတိန် အမျိုးသားသည် ၄င်း၏ခန္ဓာကိုယ် အရေပြား အလှဆင် ထားခြင်းကြောင့် မဟုတ်ဘဲ အမည်ကြောင့် ပတ်စ်ပို့ ထုတ်ပေးရန် ငြင်းဆိုခံရကြောင်း သိရသည်။ အဆိုပါ အမျိုးသား သည် ၄င်း၏ အမည်အား King of Ink Land King Body Art The Exetreme Ink-Ite ဟု ပြောင်းလဲ ခဲ့ပြီးနောက် ပတ်စ်ပို့ ထုတ်ပေး ရန် ငြင်း ပယ်ခံရသည်။
၎င်း၏ ယခင်အမည်မှာ မက်သရူး ဝီလန်ဖြစ်ပြီး လက်ရှိတွင် Body Art ဟု အတိုကောက် ခေါ်ဆိုသည်။ Body Art ကို ဘယ်ဘက်မျက်လုံး အပါအဝင် ခန္ဓာကိုယ်၏ ၉ဝ ရာခိုင်နှုန်းအား စတာလင်ပေါင် ၂၅ဝဝဝ အကုန်အကျ ခံ၍ တက်တူး ထိုးခဲ့ခြင်းဖြစ်ကာ ၄င်း၏ ဝါသနာအား အသက်မွေး ဝမ်းကျောင်း အဖြစ် လုပ်ကိုင်ရန် တိုင်းတစ်ပါးမှ ကမ်းလှမ်းလာသဖြင့် ပတ်စ်ပို့ အသစ်လျှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စတာလင်ပေါင် ၇၂ ဒသမ ၅ဝ ပေးသွင်း၍ ပတ်စ်ပို့ အသစ် လျှောက်ခဲ့သော်လည်း ၄င်းအမည် ကြောင့် ပတ်စ်ပို့ ချပေးရန် ပယ်ချခဲ့ ကြောင်းကို ယခုသီတင်းပတ်အတွင်း စာပေးပို့ အကြောင်းကြား ခဲ့သည်။ ၄င်းသည် ၂ဝဝ၇ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်တွင် နာမည် နှစ်ကြိမ်ပြောင်း ခဲ့ပြီး အမည်သစ်အား ယာဉ်မောင်း လိုင်စင်တွင် သုံးစွဲခွင့် ရခဲ့သည်။
”ကျွန်တော့် ပတ်စ်ပို့က သက်တမ်းကုန် သွားလို့ ပြန်လျှောက် တာ။ ဒါ ပေမဲ့ ပတ်စ်ပို့ရုံးက ဖောင်မှာပြဿနာ ရှိတယ် ဆိုပြီး လှမ်းဖုန်းဆက်တယ်။ ကျွန်တော့် နာမည်နဲ့ ပတ်သက်ပြီး အစိုး ရက အသိအမှတ်ပြု ထားတဲ့ အထောက် အထားတစ်ခု လိုချင်တယ်ဆိုလို့ ယာဉ် မောင်း လိုင်စင်ပို့ လိုက်တယ်။ ဒါက လူ့အခွင့်အရေး ချိုးဖောက် ခံရတာ ပါ။ သူ တို့က မွေးစာရင်းထဲက နာမည်ကို ပတ်စ်ပို့ထဲ ထည့်ချင်တာ။ ဒါပေမဲ့ အဲဒါ ကျွန်တော့် နာမည်မဟုတ်တော့ဘူးလေ” ဟု ၄င်းက ဆိုသည်။ 

No comments:

Post a Comment