၎င်းအိုင်ကလောင်ရဲဘက်စခန်း၌ တာဝန်ကျဝန်ထမ်းများဖြစ်သည့် (ထောင်အခေါ် ဗိုလ်လေး) သက်နိုင်အောင် ၊ အေးချမ်းအောင် ၊ တပ်ကြပ်ကျော်ဇံအောင် ၊ တပ်ကြပ်စိုးမင်းထက်တို့သည် အကျဉ်းသားများအား အလုပ်ခွင်မဆင်းမီ တန်းစီကာ စိတ်ကြိုက်ရိုက်နှက်ဆဲဆိုပြီးမှ အလုပ်ခွင်ဆင်းစေကြောင်း သိရှိရသည် ။
အိုင်ကလောင်ရဲဘက်စခန်းသို့ သွားရောက်လေ့လာသော နေပြည်တော်မှ တာဝန်ရှိသူတစ်ဦး၏ပြောကြား ချက်အရ "" အကျဉ်းသားဥပဒေအရဆိုရင် အရေးပေါ်အခြေအနေမှအပ ထောင်မှူးသည်အကျဉ်းသားများအား ခြေကျဉ်းခတ်ပိုင်ခွင့်မရှိ ၊ အကျဉ်းသားတစ်ဦးအားရိုက်နှက်ရာတွင် မိမိနှင့်အခြားတစ်ဦးတစ်ယောက်အား ကာကွယ်ရန်မှတစ်ပါး လိုအပ်သည့်အင်အား အချက်ရေကို ပို၍အသုံးမပြုရ "" ဆိုတာ ပါပြီးသားပဲ ၊ မဖြစ်သင့်ဘူးဗျ .. ။ ဒီဘက်ခေတ်အစိုးရလက်ထက်မှာ ပိုပြီးတော့မဖြစ်သင့်ဘူး .. ။ အကျဉ်းသားဆိုတာလဲ လူပဲလေ .. သူတို့အပြစ်လုပ်ခဲ့လို့ ဒီနေရာမှာပြစ်ဒဏ်ခံနေရတာ အတိုင်းအတာတစ်ခုထိ သတ်မှတ်ထားပြီးသား ၊ ဒါကို မိမိလုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ထင်တိုင်းကြဲနှိပ်စက်နေတာမျိုးက လုံးဝမသင့်တော်ပါဘူး .. ။
""နောက်တစ်ခုက ၀န်ထမ်းရန်ပုံငွေကိစ္စ .. ။ ၀န်ထမ်းရန်ပုံငွေဆိုတာ အစိုးရနဲ့ပဲသက်ဆိုင်တယ် ၊ အကျဉ်းသားတွေနဲ့ လားလားမျှမသက်ဆိုင်ဘူး .. ။ အပြင်က အရပ်သားလယ်ကွက်တွေမှာ တစ်ဧကကို ဘယ်လောက်ဘယ်လောက်နဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ရန်ပုံငွေခေါင်းစဉ်တပ်ပြီး ခိုင်းစားနေတာကတော့ ကြားရတာနဲ့တင် တော်တော်ရှက်စရာတောင်းနေပြီဗျ .. ။ ဒီကိစ္စကို အရေးယူနိုင်ဖို့ ကျနော်တို့ဆောင်ရွက်နေတယ် "" ဟု ၄င်း နေပြည်တော်မှတာဝန်ရှိသူမှ ပြောကြားသွားပါသည် .. ။ ။
BY THIT HTOO LWIN
No comments:
Post a Comment