Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

ဒီမေးခွန်းတွေကို ဖြေနိုင်တာကတော့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်လို့ လျှောက်ပါရစေ ဘုရား။

[ Voice of the Day ]

တပည့်တော်မ အနေနဲ့ အရှင်ဘုရားကို လေးလေးစားစား လျှောက်ထားပါရစေ ဘုရား။ ဒီမြစ်ဆုံကိစ္စကို သဘောတူခဲ့တာဟာ အရင်အစိုးရ ဖြစ်ပါတယ်။ ဒီကိစ္စကို ဆိုင်းငံ့ငါးနှစ် ဆိုပြီးတော့ ဆိုင်းငံ့ခဲ့တာဟာ အရင်အစိုးရမှာ ပါဝင်ခဲ့တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်ဖြစ်ပါတယ်။ အဲဒီတော့ တပည့်တော်မ ကတော့ ဆရာတော်ဘုရားကို လေးလေးစားစား လျှောက်တင်ချင် တာက ဒီမေးခွန်းဟာ ဦးသိန်းစိန်ကို မေးရမယ့် မေးခွန်းပါ။ ဘယ်လို သဘောတူညီချက် တွေနဲ့ ဒီမြစ်ဆုံ ကိစ္စကို ရပ်ဆိုင်းသလဲ။ အခုရပ်ဆိုင်းပြီးတော့ နောင်ကျရင် ဘယ်လိုဆက်ပြီးတော့ လုပ်ဖို့ရာ အကြံဉာဏ် ရှိသလဲ၊ နောက်ပြီးတော့ ဘယ်လို သဘောတူညီချက်တွေ လုပ်ထားလို့ အခုလို အခုလို ပြန်ပြီးတော့ လုပ်မယ်ဆိုရင် ဘာပြဿနာ တက်နိုင်သလဲဆိုတာ ဒီမေးခွန်းတွေကို ဖြေနိုင်တာကတော့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်လို့ လျှောက်ပါရစေ ဘုရား။

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်ပါ
“ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ပြည်သူလူထုများ စကားပြောခြင်း” မှ ကောက်နုတ်ချက်

The Voice Weekly

No comments:

Post a Comment