Friday, February 14, 2014
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ်စစ်တွေ မြို့ကိုသွားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မစ္စတာ ကင်တားနား စစ်တွေလေဆိပ်ကို ရောက်ရှိချိန်ကစပြီး သွားရာလမ်းတလျှောက်မှာ ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲ ဦးအောင်သူ ရခိုင်အမျိုးသမီးများကွန်ရက
“လေယာဉ်ကွင်းမှာ တကြိမ်၊ နောက်တကြိမ်က စစ်တွေထောင်ရှေ့မှာပါ။ စစ်တွေ ဟိုတယ်ရှေ့နဲ့ ရဲတပ်ရင်းရှေ့မှာ သူ့ကို ကျမတို့ မလိုအပ်ဘူးဆိုတဲ့ အကြောင်းကို ၅ နေရာခွဲပြီး ဆန္ဒပြခဲ့တာပါ။ သူ ကျမတို့ ရခိုင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး ဒီတခေါက်နဲ့ဆိုရင် ၉ ကြိမ်ရှိပြီ။ နောက်ပြီး သူဝင်လာတဲ့ အကြိမ်တိုင်း အကြိမ်တိုင်းမှာ ဘယ်နေရာသွားသွား သူက ဘင်္ဂါလီတွေပဲ ကြည့်တယ်ဆိုတော့ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်အနေနဲ့ပေါ့
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် လယ်ပိုင်းမှာ ရခိုင်ဒေသခံတွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် သတ်ဖြတ်မီးရှို့မှုတွေဖြစ်ပြီ
ကုလသမဂ္ဂက ရခိုင်တွေနဲ့ အချင်းများနေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတွေအဖြစ် ရည်ညွှန်းတာ၊ နိုင်ငံသားအဖြစ်ပေးဖို့ တိုက်တွန်းနေတာတွေအပေါ် ရခိုင်တိုင်းရင်းသားတွေက မကျေမနပ်ဖြစ်နေကြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလ
ကင်တားနားနဲ့ တွေ့ဆုံမှုအတွက် ဆွေးနွေးပြောဆိုချက်တချို့န
“ကျနော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင
မစ္စတာကင်တားနားဟာ သူမြန်မာနိုင်ငံကို မရောက်လာခင် ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်အောင် မြန်မာအစိုးရက လုပ်ဆောင်ပေးထား ချက်တွေကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ပြောထားပါတယ်။
မစ္စကင်တားနားဟာ ရခိုင်ပြည်နယ် ခရီးစဉ်ပြီးရင်တော့ ကချင်၊ ကရင်နဲ့ စကိုင်းတိုင်း လက်ပံတောင်းဒေသကို သွားရောက်ဖို့ရှိနေသလို အစိုးရတာဝန်ရှိသူတွေ ပါလီမန် နဲ့ တရားရေး၊ ဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာတော့ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်ပွဲလုပ်ပြီး
မစ္စကင်တားနားဟာ မြန်မာနိုင်ငံကိုလာတာ ဒါ န၀မ အကြိမ်မြောက်ပြီးပြီး သူ့ရဲ့မြင်တွေ့ ချက်တွေအပေါ် အစီရင်ခံစာ ရေးသားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လမှာ ထုတ်တင်ပြသွားမယ်လို့ ကင်တားနားက ပြောပါတယ်။
DVB
စစ်တွေကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ - ထွန်းနိုင်)
No comments:
Post a Comment