Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ကိုယ်လုံးတီးအမှန်တရား ပန်းချီကားတွေ စန္ဒာခိုင် ရန်ကုန်မှာ တစ်ကိုယ်တော်ပြပြီ

Sunday, February 16, 2014
သဘာဝအတိုင်းမြင်ရတဲ့ မိန်းမတစ်ယောက်ရဲ့ အမှန်တရား တစ်ခုကို လိုင်းတွေ၊ မျဉ်းကြောင်း အလှတွေ၊ အရောင်တွေနဲ့ ဖော် ကျူးထားတဲ့ ကိုယ်လုံးတီးအမှန်တရား ဆိုတဲ့ခေါင်းစဉ်နဲ့ ပန်းချီပြပွဲကို စန္ဒာခိုင်က
ပြသလိုက်ပါပြီ။
The Naked Truth ခေါင်းစဉ်နဲ့ ပုလဲကွန်ဒိုက Studio Square မှာ ဖေဖော်ဝါရီ ၁၅ရက်ကနေ ၁၉ရက်နေ့အထိ ၅ရက်ကြာ ပြသမှာဖြစ်ပြီး Nude ပန်းချီတွေရေးဆွဲလာတာ သက်တမ်းကြာပေမယ့် စိစစ်ရေးကြောင့် ပြသခွင့်မရခဲ့ဘဲ အခုမှ တစ်ကိုယ်တော် ပြပွဲလုပ်တာလို့ စန္ဒာခိုင်က ဆိုပါတယ်။
ကိုယ်လုံးတီး ပန်းချီတွေကို ဖန်တီးဖို့ဆိုတာ လူရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံကို လေ့လာရသလို အောင်မြင်ပြီး အဆင့်အတန်းမီတဲ့ အနုပညာမှာ Nude က မပါမဖြစ်ပါရတာကြောင့် ယဉ်ကျေးမှုကို ဆန့်ကျင်ဖောက်ထွက်တာမဟုတ်ဘဲ ပန်းချီပညာရဲ့ အဓိကလိုအပ်ချက်ကြောင့် ပြသဖို့လုပ်တာလို့ ပန်းချီဆရာ ငြိမ်းချမ်းစုက ဆိုပါတယ်။
စန္ဒာခိုင်ရဲ့ တစ်ကိုယ်တော် ပြပွဲမှာ ကိုယ်လုံးတီးပန်းချီကားပေါင်း ၃ဝကို ပထမဆုံးအဖြစ် မြန်မာပြည်မှာ စတင်ပြသတာလည်းဖြစ်ပါတယ်။
Kamayut Media

No comments:

Post a Comment