Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး ဂျာမန်အစိုးရထံ တောင်းဆိုမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်က ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဂျာမန်အစိုးရက တည်ဆောက်ထားသော သုတေသန ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး အတွက် ဂျာမနီသမ္မတ၏ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် တောင်းဆိုရန် စီစဉ်ထားကြောင်း ရန်ကုန်နှင့် မန္တလေးနည်းပညာ တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က The Voice သို့ ပြောကြားသည်။

ယခင်ဆောက်လုပ်ထားသော ဓာတ်ခွဲခန်းကို ပြန်လည် အဆင့်မြှင့်တင်ရေးနှင့် ပျက်စီးသွားသော စက်ပစ္စည်းများ အသစ်လဲလှယ်ရေး အတွက် ယင်းသို့ တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ဂျာမန်ငွေ တစ်သန်းတန် အဆိုပါ ဓာတ်ခွဲခန်း ပြင်ဆင်ရေးအတွက် ယခင်နည်းပညာ တက္ကသိုလ်တွင် ဧည့်ပါမောက္ခ အဖြစ် ဆောင်ရွက်သွားသူ ဂျာမန်လူမျိုး ပါမောက္ခမှ တစ်ဆင့် အကူ အညီ တောင်းထားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"ဂျာမန်ပစ္စည်းတွေ ဆိုတော့ ပစ္စည်းတွေလည်း ကောင်း၊ လူလည်းစုံတယ်။ ဒါပေမဲ့ ကျောင်းလည်း ပိတ်လိုက်ရော သုတေသန နည်းလာပြီး ဆရာတွေလည်း ပြောင်းကုန်တယ်" ဟု ဦးညီလှငယ်ကပြော ဆိုသည်။

အဆိုပါသုတေသန စမ်းသပ်ခန်းသည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများ၊
သုတေသန လုပ်ငန်းများအတွက် အထောက်အပံ့များ ပေးခဲ့ပြီး စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများ၏ သင်ကြားရေးနှင့် သုတေသန အတွက်လည်း အသုံးပြုခဲ့ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ်ထံမှ သိရသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန် နည်းပညာတက္ကသိုလ် COE သည် လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံရှိ University of Karlsruhe၊ ဂျပန်နိုင်ငံရှိ Shibaura Institute of Technology၊ ထိုင်းနိုင်ငံရှိ Asian Institute of Technology နှင့် Mae Fah Luang University တို့နှင့် ပူးပေါင်းကာ သုတေသနများ ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment