Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

အာလူးကြော်ဖြင့် ပြုလုပ်ထားသည့် ဗြိတိန်အထိမ်းအမှတ် အဆောက်အအုံ ပုံတူများ




 
Monday, February 24, 2014

အသက်(၃၃)နှစ်ရှိ ပရူဒန့်စ်သည် အာလူးချောင်းကြော် (၁၀)ကီလိုဂရမ်ကို ဝယ်ယူပြီးနောက် ပဲစိမ်းအနှစ်နှင့် ပေါင်းစပ်ကာ ဗြိတိန်နိုင်ငံ၏ အထင်ကရ အဆောက်အအုံများ၊ နေရာများကို ချစ်စဖွယ် ပုံတူလေးများ ပြုလုပ်ပြခဲ့

အနုပညာ အမြင်ရှိသူ တစ်ဦးသည် မည်သို့သော အခြေအနေ၊ မည်သို့သော ပစ္စည်းဖြင့်မဆို ထူးခြားသည့် စိတ်ကူးတီထွင်မှုများ ပြုလုပ်နိုင်သည် ဆိုခြင်းကို ပရူဒန့်စ်စတေတီက လက်တွေ့ ပြသလိုက်သည်။ အသက်(၃၃)နှစ်ရှိ ပရူဒန့်စ်သည် အာလူးချောင်းကြော် (၁၀)ကီလိုဂရမ်ကို ဝယ်ယူပြီးနောက် ပဲစိမ်းအနှစ်နှင့် ပေါင်းစပ်ကာ ဗြိတိန်နိုင်ငံ၏ အထင်ကရ အဆောက်အအုံများ၊ နေရာများကို ချစ်စဖွယ် ပုံတူလေးများ ပြုလုပ်ပြခဲ့သည်။ Big Ben နာရီစင်၊ Stonehenge လူလုပ်ကျောက်ဆောင်များနှင့် ဒိုဗာမှ အဖြူရောင်တောင်စောင်းများ အပါအဝင် နေရာအတော်များများကို အာလူးကြော်ချောင်းလေးများဖြင့် ပရူဒန့်စ်က ပုံတူပြုလုပ်ပြခဲ့ခြင်း ဖြစ်သည်။

 
ပရူဒန့်စ်က သူမ၏ စိတ်ကူးဖန်တီးမှုများတွင် အာလူးကြော်လေးများကို အရွယ်အစားအလိုက် နေရာချမှုက အခြေခံ အကျဆုံး လိုအပ်ချက်အဖြစ် မှတ်ချက်ပေးခဲ့သည်။ Chip Week 2014 အစီအစဉ်အတွက် ပါဝင်ရန် အဆိုပါ အာလူးကြော် ပန်းပုလေးများကို ဖန်တီးခဲ့သည့် ပရူဒန့်စ်က "ဒီပရောဂျက်ကတော့ ပျော်စရာပါပဲ။ ပုံကြမ်းတွေကို အရင်ရေးတယ်။ ပြီးတော့ ဒီပန်းပုတွေအတွက် နည်းပညာပိုင်းအရ စိန်ခေါ်မှု ရှိလာမယ့် အခက်အခဲတွေကို စဉ်းစားတယ်။ ကျွန်မရဲ့ အဖွဲ့ကလည်း ဝိုင်းကူပါတယ်။ ဗြိတိန်ရဲ့ အထင်ကရ နေရာတွေကို ပုံဖော်တာဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်းကြောင်း အတွက်လည်း သိပ်ကို အရေးပါတဲ့ လုပ်ဆောင်ချက်လို့ ယူဆပါတယ်"ဟု ပြောကြားသည်။

 
 ဆက်လက်၍ "ဒါပေမဲ့ ဒီပန်းပုလေးတွေ ထုလုပ်နေတုန်း အာလူးကြော် စားချင်စိတ်ကိုတော့ မနည်းအောင့်ထားရတယ်"ဟု ရယ်ရယ်မောမော မှတ်ချက်ပေးခဲ့သည်။ ဗြိတိန်တွင် အာလူးကြော်သည် အဓိက သွားရည်စာ တစ်မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံသားများ အနေဖြင့် သီတင်းတစ်ပတ်လျှင် ပျမ်းမျှ အာလူးကြော် ဝယ်ယူစားသုံးမှု ပေါင်စတာလင် (၄.၈)သန်းဖိုးမျှ ရှိတတ်ကြောင်း သိရှိရသည်။

Planet Myanmar Network



No comments:

Post a Comment