Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

ရန်ကုန်မြို့လယ်ကောင်ရှိ လမ်းများနှင့် ကားမှတ်တိုင်များတွင် အိမ်ခြေမဲ့များ အိပ်စက်မှုပိုများလာ

Published on: February 12, 2014
Written by: ဝေလင်းအောင်

ရန်ကုန်မြို့လယ်ကောင်ရှိ လမ်းများနှင့် ကားမှတ်တိုင်များတွင် ညဘက်၌ အိမ်ခြေမဲ့များ အိပ်စက်မှု များပြားလာနေကြောင်း တွေ့ရသည်။

ယင်းသို့ အိပ်စက်နေရခြင်းမှာ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်း ကြီးမားခြင်းနှင့် ယခင်နေထိုင်ခဲ့သော အိမ်နေရာသည် ကျူးကျော်ဖျက်သိမ်းရေး စီမံကိန်းများတွင် ပါဝင်ခဲ့ခြင်းကြောင့် နေစရာအိမ် မရှိသဖြင့် မြို့နယ်အနှံ့ လျှောက်သွားကာ ရောက်သည့်မြို့နယ်တွင် ညဘက်အိပ်စက်ခြင်းများဖြင့် နေထိုင်နေရကြောင်း အိပ်စက်သူများထံမှ သိရသည်။ ထိုသို့ အိပ်စက်သူများတွင် မွေးကင်းစ ကလေးငယ်များမှ အသက် ၇၀ ကျော် အဘိုးအဘွား အရွယ်များအထိ ပါဝင်သည်ကို တွေ့ရသည်။

ဒီလိုလမ်းမပေါ်မှာ နေထိုင်အိပ်စက်ကြတဲ့သူတွေက ဖျက်သိမ်းခံရတဲ့သူတွေ ဖြစ်ချင်လည်းဖြစ်မယ်။ ဒီလိုနေထိုင်တဲ့သူတွေကို အရေးယူမှုပဲ ဖြစ်ဖြစ်၊ နေမှုထိုင်မှုပဲ ဖြစ်ဖြစ် ဆောင်ရွက်ပေးဖို့ ပြုလုပ်ရမှာက သက်ဆိုင်ရာဒေသခံ အာဏာပိုင်အစိုးရပဲ ဖြစ်ပါတယ်။ ဆရာတို့အနေနဲ့က တခြားအရေးပေါ် ကိစ္စတွေကိုသာ ဆောင်ရွက်ပေးရတယ်။ သက်ဆိုင်ရာ ဒေသခံအာဏာပိုင် အစိုးရအနေနဲ့ အကူအညီ တောင်းခံမှသာ Central Government အနေနဲ့ ဆောင်ရွက်ပေးရတာပါ . . . . .

“အခုလို မြို့လယ်ကောင်မှာ အိပ်စက်ရတယ်ဆိုတာက နေစရာအိမ်မရှိလို့ပါ။ အရင်ကတော့ မြို့စွန်နေရာတွေမှာ နေအိမ်ရှိသေးတယ်။ အဲဒီနေရာတွေက ကျူးကျော်ဖျက်တဲ့ထဲမှာ ပါသွားလို့ မရှိတော့ဘူး။ အိမ်ပြန်ငှားပြီး နေထိုင်ဖို့ကလည်း အမျိုးသားက ကျပန်းလုပ်တာဆိုတော့ စုဆောင်းမိထားတဲ့ပိုက်ဆံက မရှိဘူး။ အဲဒီတော့ မြို့လယ်ကလမ်းတွေမှာ ညဘက်ခဏအိပ်စက်ပြီး မနက်ကျတော့ ဒီလိုပဲ မြို့ထဲမှာရှိတဲ့ တခြားနေရာတွေမှာ သွားနေပါတယ်” ဟု ဆူးလေကားမှတ်တိုင်တွင် အိပ်စက်နေသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းသို့ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က “ဒီလိုလမ်းမပေါ်မှာ နေထိုင်အိပ်စက်ကြတဲ့သူတွေက ဖျက်သိမ်းခံရတဲ့သူတွေ ဖြစ်ချင်လည်းဖြစ်မယ်။ ဒီလိုနေထိုင်တဲ့သူတွေကို အရေးယူမှုပဲ ဖြစ်ဖြစ်၊ နေမှုထိုင်မှုပဲ ဖြစ်ဖြစ် ဆောင်ရွက်ပေးဖို့ ပြုလုပ်ရမှာက သက်ဆိုင်ရာဒေသခံ အာဏာပိုင်အစိုးရပဲ ဖြစ်ပါတယ်။ ဆရာတို့အနေနဲ့က တခြားအရေးပေါ် ကိစ္စတွေကိုသာ ဆောင်ရွက်ပေးရတယ်။ သက်ဆိုင်ရာ ဒေသခံအာဏာပိုင် အစိုးရအနေနဲ့ အကူအညီ တောင်းခံမှသာ Central Government အနေနဲ့ ဆောင်ရွက်ပေးရတာပါ” ဟု ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီက The Daily Eleven သတင်းစာသို့ ဖြေကြားသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း ကျူးကျော်နေထိုင်သူများနှင့် နှစ်ပေါင်းများစွာ အခြေချနေထိုင်သည့် ကျေးရွာများကို တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခိုင်းမှုများရှိပြီး ယင်းသို့ဖယ်ရှားခံရမှုကြောင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်သူများကိုပင် နေထိုင်ခြင်းမပြုရန် တားဆီးဖယ်ရှားမှုများ ပြုလုပ်နေကြောင်း ဖယ်ရှားခံရသူများထံမှ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ဒုတိယပတ်နှင့် တတိယပတ်အတွင်း လှိုင်သာယာ ရွှေလင်ပန်းချောင်းနံဘေးနှင့် တွံတေးမြို့နယ်ရှိ ကျူးကျော်အိမ်ထောင်စုပေါင်း ၃၂၀၀ ကျော်ကို သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားခဲ့ပြီး အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက်ရှိ မီးရထားပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၂၀ ကျော်ကို ဖေဖော်ဝါရီ ၇ ရက်တွင် သက်ဆိုင်ရာက ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အလားတူ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ အုပ်စုတွင် အိမ်ခြေ ၃၀၀ ရှိ သမီးကလေးကျေးရွာကို တပ်မတော်ကျောင်းကြီး သုံးကျောင်း၏ တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ဖေဖော်ဝါရီ ၄ ရက်၌ အင်အားသုံး၍ ရွာလုံးကျွတ်ဖယ်ရှားခဲ့သည်။

ယင်းသို့ သက်ဆိုင်ရာက မြို့နယ်အသီးသီးတွင် ဖယ်ရှားဖျက်သိမ်းမှုများကြောင့် လူဦးရေ ၄၀၀၀ ကျော်မှာ လက်ရှိတွင် နေရေးထိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲ များစွာဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်မြို့လယ်ရှိ ကားမှတ်တိုင်များတွင် ညဘက်အိပ်စက်နေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့လယ်တစ်နေရာ၏ လမ်းဘေးပလက်ဖောင်းပေါ်တွင် မိသားစုတစ်စု ညဘက်အိပ်စက်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Eleven Media Group

No comments:

Post a Comment