Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

ဆေးဘက်ကျောင်းသူ သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်များ တောင်းဆို

ဆိုရှယ်မီဒီယာတွေမှာ အငြင်းအခုံဖြစ်နေတဲ့ ဒုတိယနှစ် ဆေးဘက်ကျောင်းသူ နော်မေသူသူဇော် သေဆုံး မှုနဲ့ပတ်သက်ပြီး အမှုဖွင့်အရာရှိတွေနဲ့ တရားစီရင်ရေးအပေါ် ကာယကံရှင်ရဲ့ မိသားစုတွေက ဖေဖော်ဝါရီ ၄ရက်နေ့မှာ မေးခွန်းထုတ်လိုက်ပါတယ်။
သေဆုံးသူ ဆေးဘက်ကျောင်းသူရဲ့ အလောင်းမှာ ဒဏ်ရာ ဒဏ်ချက်တွေရှိနေပေ မယ့် ဆေးစစ်ချက် မှာတော့ ရေနစ်သေ ဆုံးမှုသာရှိပြီး အခြားဒဏ်ရာမရှိဘူးလို့ ဖော်ပြခဲ့မှုနဲ့ သံသယရှိ ဖွယ်ရာ သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုစီရင်ရာမှာလည်း ပြီးစလွယ် လုပ်ခဲ့တယ်လို့ မိခင် နော်မယ်စေးက ဆိုပါတယ်။
Facebook မှာ ပြန့်နှံ့နေတဲ့သတင်းကလည်း မမှန်ကန်သလို မိသားစုဘက်ကလည်း တိုင်းတရားရုံးထိ အမှုဖွင့်မယ့်ကိစ္စ စောင့်ကြည့်သွားမှာဖြစ်သလို ပူးပေါင်းသွားမယ်လို့  နိုင်ငံခြားဘာသာသင် တက္ကသိုလ်ကျောင်းသားသမဂ္ဂက မငြိမ်းချမ်းမေက ဆိုပါတယ်။
သေဆုံးသူ နော်မေသူသူဇော်ဟာ ၂ဝ၁၃ ဧပြီ ၁၈ရက်နေ့မှာ နေအိမ်ကနေ ပျောက်ဆုံးခဲ့ပြီး အလောင်းကို ၂ဝရက်နေ့မှာ ဘုရင့်နောင်တံတားပေါ်ကနေ ခုန်ချပြီး သေဆုံးခဲ့တယ်လို့ မိသားစုတွေကို အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ တရားမျှတမှုပေါ် နော်မေသူသူဇော်ရဲ့အစ်မက မေးခွန်းထုတ်လိုက်ပြီး အမှုမှန်ပေါ်ပေါက်အောင် ကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
http://www.kamayutmedia.com/2014/02/04/medical-student-calls-for-justice/ 

No comments:

Post a Comment