Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 22, 2014

အမှိုက်မှ စွမ်းအင်ထုတ်မည့်စက်ရုံ မတ်လစဆောက်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တစ်ရက်လျှင် အမှိုက်တန်ချိန် ၈၀၀ ကျော် စွန့်ပစ်လျက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ရန် မီးစက် (Generator) အပါအဝင် စွမ်းအင်ထုတ် စက်ရုံကို မတ်လအတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ကိုရီးယားကုမ္ပဏီ Chasson International က စွန့်ပစ်အမှိုက်များမှတစ်ဆင့် ဂက်စ်ထုတ်ယူကာ Generator ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အခုတော့ သုတေသန လုပ်နေတယ်။ စီမံကိန်းကာလက သုံးနှစ်ပါ” ဟု ၎င်းကဆိုသည်။

စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှုကို ထိန်ပင် အမှိုက်ပုံနှင့် ထားဝယ်ချောင် အမှိုက်ပုံတို့တွင် လုပ်ကိုင်မည် ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံတွင် အမှိုက်မီးရှို့စက်ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခွင့်ကို မြန်မာ-ကိုရီးယား အကျိုးတူ ကုမ္ပဏီတစ်ခုက ရရှိထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

“လုပ်ငန်းလုပ်ဖို့ ကုမ္ပဏီတင်ဒါ ရွေးကတည်းက အငြင်းပွားစရာတွေ ဖြစ်ခဲ့တော့ လုပ်ငန်းလုပ်ချိန်မှာ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုပါ့မလားလို့ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ ဒါကြောင့် တင်ဒါအောင်တဲ့အချိန်က တင်ပြတဲ့အတိုင်း ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment