Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

နွေရာသီမှာ မရှိမဖြစ်လိုအပ်တဲ့ ဆံကေသာ ကာကွယ်ထိန်းသိမ်းနည်း



          နွေရာသီမှာ အသားအရေပဲ ပျက်စီးတတ်တယ်မထင်ပါနဲ့။ နေရောင်ခြည်နဲ့ ထိပ်ဆုံးမှာ ထိတွေ့ရတဲ့ အရာက ဆံကေသာပါ။ ဒါကြောင့် အသားအရေလိုပဲ ပျက်စီးလွယ်တဲ့ ဆံကေသာကိုလည်း ဂရုတစိုက် ထိန်းသိမ်းဖို့လိုပါတယ်။
(၁)     နေရောင်ကာပါ။
          UV ray ဆိုတာ ကျွန်ုပ်တို့ရဲ့ ဆံကေသာတွေအတွက် သတင်းဆိုးပါ။ နေလောင်ခံရတဲ့ ဆံပင်ဟာ ခြောက်သွေ့ ၊ ကြိုးကျေပြီးတော့ တောက်ပမှုမရှိပါဘူး။ ဒါကြောင့် နေပူထဲသွားမယ်ဆိုရင် sunscreen spray သုံးပေးပါ။ နေကြာဆီက ထုတ်ထားတဲ့ ခေါင်းလိမ်းဆီတွေဟာ နွေရာသီအတွက် အကောင်းဆုံးဖြစ်ပြီး ဆံပင်ကို ပျော့ပျောင်းနေစေပါတယ်။
-         အကြံပေးလိုတာကတော့ ဦးထုပ်ဆောင်း ၊ ထီးဆောင်းပြီး ဆံပင်ကို အကာအကွယ်ယူပါ။
(၂)     ခေါင်းလျှော်ရည်ကောင်းကို ရွေးသုံးပါ။
          ခေါင်းလျှော်ရည်တွေအားလုံးကို ညီတူညီမျှ ဖန်တီးထားတယ်ဆိုတာ မဟုတ်ပါဘူး။ Organic ထုတ်ကုန်တွေဖြစ်တဲ့ ဓါတုကုန်ပစ္စည်းမသုံးတဲ့ သဘာဝထုတ်ကုန်တွေကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုရွေးသုံးပါ။
-         အကြံပေးလိုတာက နွေရာသီမှာ hair dryer တွေကိုရှောင်ပါ။ တတ်နိုင်သမျှ လေအေးနဲ့ ခြောက်အောင်မှုတ်ပြီး အခြောက်ခံပါ။
(၃)     ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်ပါ။
          စတိုင်ကျနေစေနိုင်တဲ့ ထုတ်ကုန်တစ်မျိုးကို မှန်ကန်စွာ ရွေးချယ်နိုင်ရင်တော့ သင်အဆင်ပြေပါပြီ။ mousse လဲမဟုတ် gel လဲမဟုတ်တဲ့ Bumble and Bumble Styling Creme တစ်မျိုးကို သုံးကြည့်ပါ။ ဆံပင် အကောက်ပဲဖြစ်ဖြစ် ၊ အဖြောင့်ပဲဖြစ်ဖြစ် စည်းနှောင်ထားတဲ့ သင့်ဆံပင်တွေကို တောက်ပနေစေဖို့ အကူအညီ ပေးပါလိမ့်မယ်။။
-         အကြံပေးလိုတာက ထုတ်ကုန်ပစ္စည်းတွေ အသုံးများပြီးတော့ သင့်ဆံပင်ကု အသပ်ရှူကျပ်အောင် မလုပ်ပါနဲ့။ တစ်ပတ်ကို တစ်ရက်၊ နှစ်ရက်လောက် ဘာ product မှမသုံးပဲ အနားပေးထားသင့်ပါတယ်။
(၄)     ဆံပင်အရောင်ကို ထိန်းသိမ်းပါ။
          တကယ်လို့များ သင့်ဆံပင်က အရောင်ဆိုးထား ၊ အရောင်ပြောင်းထားတယ်ဆိုရင်တော့ နေရောင်ထဲမှာ သိပ်ကြာကြာမနေပါနဲ့။ နေရောင်က သင်အကုန်အကျခံပြီး ဆိုးထားတဲ့ ဆံပင်အရောင်ကို မွဲခြောက်ခြောက်ဖြစ်စေပါတယ်။ ပြီးတော့ ရေကူးကန်မှာ ရေကူးတာမျိုးလဲ မလုပ်ပါနဲ့။ ရေကူးကန်က ရေထဲက လိုရင်းဓါတ်တွေက သင့်ဆံပင်ကို ပျက်စီးပြီး အရောင်ပြောင်းစေပါတယ်။ မလိုအပ်ပဲနဲ့လည်း ခေါင်းခဏခဏ မလျှော်ပါနဲ့။ ရေမကူးရမနေနိုင်ဘူးဆိုရင်တော့ ဆံပင်အရောင်ကို ထိန်းသိမ်းပေးတဲ့ hair care product တွေ လိမ်းပြီး ဦးထုပ်ဆောင်းပေးထားပါ။
-         အကြံပေးလိုတာက ဆံပင်နည်းနည်းပဲလျော်လေ အရောင်ပိုခံလေပါပဲ။ ကမ်းခြေသွားပြီးတဲ့ နေ့တွေမှာဆိုရင်တော့ colour-protection conditioner တွေ သုံးပေးဖို့လိုပါတယ်။
(၅)     ဆံပင်သေချာဖီးပါ။
          ဆံပင်ကို ပုံမှန်ဖီးပေးခြင်းက ဆံပင်အရှုပ်အထွေးတွေကို ရှင်းပေးနိုင်တာ တစ်ခုတည်း မဟုတ်ပါဘူး။ သင့်ရဲ့ ဦးရေပြားမှာရှိတဲ့ ဆံပင်အရင်းပိုင်းက သွေးလှည့်ပတ်စီးဆင်းမှုနှုန်းကို နှိုးဆော်ပေးနိုင်ပါသေးတယ်။ ဒီတော့ ဆံပင်ဖီးခြင်းအတွက် မှတ်ထားရမှာက “ဆံပင်ပိုရှည်လေ ပိုကြီးတဲ့ ဘီးရှိသင့်လေပါပဲ” တဲ့။ ဈေးကြီးတာ မှန်ပေမယ့် အရေအသွေးကောင်းတဲ့ Brush ဘီးမျိုးကို ရွေးသုံးပေးပါ။
-         အကြံပေးလိုတာက ဆံပင်နှစ်ခွတွေ ထွက်လာတဲ့အခါ အဖျားလေးတွေကို တိဖြတ်ပေးဖို့ မမေ့ပါနဲ့။ ဒါမှသာ သင့်ရဲ့ဆံပင်တွေ ပိုမိုမြန်ဆန်စွာ ရှည်လာနိုင်မှာပါ။
Ref:kidspot.com
Trend Myanmar

No comments:

Post a Comment