Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, February 5, 2014
အနမ်းတချက် အသက်တချောင်း
အနမ်းဟာကျမ်းမာရေးအတွက်ဘယ်လို အကျိုးပြုတယ် ..စသဖြင့် ကျမ်းမာရေးဆောင်းပါးတွေမှာ ဖတ်ဖူးကြမှာပါ။
အနမ်းတချက်က အသက်တစ်ချောင်းကို  ကယ်လိုက်တဲ့အဖြစ်အပျက်ကတော့ တရုတ်ပြည်မှာ တကယ်ပဲ ဖြစ်ခဲ့ပါတယ်။အဖြစ်အပျက်ကတော့၂၀၁၁ ကဖြစ်ခဲ့တာပါ။
ဓားတစ်လက်ကိုင်ထားတဲ့ ၁၆ နှစ်သားကောင်လေးတစ်ယောက်ဟာ မိသားစုကိစ္စကြောင့် တံတားပေါ်ကနေ ခုန်ချဖို့ ပြင်နေတုန်းမှာ သူ့ ရည်းစားကောင်မလေးက ရဲ ရဲ့ ခွင့်ပြုချက်နဲ့  သူ့ ကိုသွားဖျောင်းဖြပါတယ်။ကောင်မလေးနာမည်က လျူဝမ်ဇူးဖြစ်ပြီး ကောင်လေး ထက်အသက် ကြီးပါတယ်။ ၁၉နှစ်ရှိပါပြီ။
စကားနဲ့ ဖျောင်းဖြပြောဆိုရင်းနဲ့  နောက်ဆုံးကောင်မလေးက သူ့ ရည်းစားလေးကို နမ်းလိုက်တဲ့အချိန်မှာ ကယ်ဆယ်ရေးတွေက ကောင်လေး ရဲ့ အသက်ကိုကယ် ဆယ်နိုင်ခဲ့ကြပါတယ်။
အနမ်းတချက်နဲ့  အသက်တချောင်းကို ကယ်တင်လိုက်နိုင်တဲ့ဗီဒီယိုလေးကိုအောက်မှာ တင်ထားပေးပါတယ်။
the melting pot 4 U
(ဒါကယူကျုမှာတွေ့ တာလေးကိုရေးထားတာပါ။ဒီသတင်းအသေးစိတ် china daily မှာဖော်ပြထားတာလေးတွေ့ လို့ အောက်မှာထပ်ပြီးဖော်ပြလိုက်ပါတယ်။)
၂၀၁၁ ဇွန်လ၁၁ရက် နံနက်ခင်းတခုမှာ  လျုဝမ်ဇူးဟာShenzhenမြို့ လယ်တံတားဘေးမှာ လမ်းလျှောက်သွားစဉ်
ဓားတစ်လက် လက်ထဲ မှာ ကိုင်ပြီးခုန်ချဖို့ လုပ်နေတဲ့ကောင်လေးတစ်ယောက်ကို လူအုပ်ကြီးက၀ိုင်းကြည့်နေကြ တာတွေ့ လိုက်ရတယ်။
ခုန်ချဖို့ ပြင်နေတဲ့ကောင်းလေးကိုကြည့်ပြီး  "သူပိုပြီးစိတ်လှုပ်ရှားလာတယ်။ပတ်ဝန်းကျင်ကလူတွေကသူ့ ကိုဝိုင်းကြည့်နေကြတယ်။ကူညီပေးဖို့ ဘယ်သူမှ မကြိုးစားကြဘူး။သူ့ ကိုကျမ ကယ်ရမယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအခြေအနေကို ကျမကောင်းကောင်းကြီးသိတယ်"လို့ လျူကပြောတယ်။
လျူကိုယ်တိုင်က သူ့ ကိုယ်သူ သတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသူတစ်ယောက်ဖြစ်တာမို့ အခြေအနေ ကိုကောင်းကောင်းသိပါတယ်။
သူကရဲ ကို ဒီကောင်လေးဟာ သူ့ ရည်းစားဖြစ်ပါတယ်လို့ ပြောပြီး ကောင်လေးနားကိုကပ်ဖို့ ကြိုးစားပါတယ်။ သူ့ ကိုဖျောင်းဖြပြောဆိုပါတယ်။ 
"တကယ်က သူ့ ကိုကျမတခါမှမမြင်ဖူးပါဘူး။ သူ့ ရည်းစားလို့ ပြောလိုက်ရတာ အဲဒီအချိန်မှာပေါ်လာတဲ့စိတ်ကူး အတိုင်းပဲပြောလိုက်တာပါ။
ကောင်လေးက အမေဆုံးသွားပြီ။ သူ့ မိထွေး က သူ့ အပေါ်မကောင်းဘူး။နောက်တော့ သူ့ အဖေငွေတွေအကုန်ယူပြီး အိမ်က ထွက်သွားတယ်။ သူ့ အဖေနဲ့ သူက အချိန်ပိုင်းအလုပ်လုပ်ပြီး ဘ၀ကို စလုံးရေစ ပြန်စနေရတဲ့အခြေအနေ။
"သူကျမကိုပြောပြတယ်။ သူ့ မှာအိမ်မရှိဘူး။သူ့ ကိုဘယ်သူမှလည်း ဂရုမစိုက်ကြဘူး။ တစ်ယောက်မှ သူ့ ကိုမယုံကြည်ကြဘူး တဲ့။ သူ့ ကိုဘာမှပြန်မပြောပဲ ကျမ ညာဖက်လက်ကောက်ဝတ်က ဒဏ်ရာကို သူ့ ကိုပြလိုက်တယ်။ 
ငါ့လက်ကောက်ဝတ်သွေးကြောကိုဖြတ်ပြီး ငါကိုယ့်ငါသေကြောင်းကြံဖို့ လုပ်ခဲ့ဖူးတယ်။ နောက် အဆောက်အဦးမြင့်မြင့်ပေါ်ကခုန်ချပြီး သေကြောင်းကြံခဲ့ဖူးတယ် လို့ သူ့ ကိုပြောပြလိုက်တယ်။
 လျူကိုယ်တိုင်ဟာလည်း အမြဲတမ်း ရန်ဖြစ်နေကြတဲ့မိဘနှစ်ပါးအလယ်မှာ ကြီးပြင်းခဲ့ရပြီး နားမကြားဆွံ့ အနေတဲ့ အမဖြစ်သူကို သူ ကစောင့်ရှောက်ရပါတယ်။ဘ၀ရဲ့ ဖိအားတွေက သူ့ ကို ဆယ်ကျော်သက်အရွယ်မှာပဲ အထက်တန်းကျောင်းကထွက်စေပြီး လုပ်ငန်းခွင်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ခဲ့ရပါတယ်။
ကျမတို့ အိမ်မှာ ဘယ်သူမှ မပျော်ရွှင်ကြဘူး။အမေအဖေက နေ့ တိုင်းအော်ဟစ်ရန်ဖြစ်။ကျမတို့ ညီအမနှစ်ယောက်ကစိတ် ထိခိုက်ဝမ်းနည်း။ဒီကောင်လေးက ကျမရဲ့  မောင်ငယ်လေးနဲ့ တူတယ်။
စကားပြောကြရင်းကောင်လေးကငိုရှိုက်လာတဲ့အခါ လျူ ဟာ သူတို့ နှစ်ယောက်ကြားနားလည်းမှုတစ်ခုရပြီလို့ သိလိုက်တယ်။
ကောင်လေးက သူ့ မှာ မျှော်လင့်ချက်မဲ့နေပြီ။သူ့ ကိုကယ်ဖို့ ကြိုးစားပြီး အချိန်မဖြုန်းပါနဲ့ လို့ ပြောတယ်။
ကျမက ငါနင့်အသက်ကိုကယ်နေတာမဟုတ်ဘူး။ ငါနင်ဘယ်လောက်အရူးထနေသလဲဆိုတာကိုပဲသိစေချင်တာ။ငါ့ ကို ကြည့်။ ငါအရင်က နင့်နေရာမှာ။ အခု ငါဒီမှာရှိတယ်။
လျူဝမ်ဇူးရဲ့ ဖျောင်းဖြညှိနှိုင်းမှုဟာ ရုပ်ရှင်ဇတ်သိမ်းခန်းလေးတစ်ခုလို လှလှပပလေးအဆုံးသတ်ခဲ့ပါတယ်။ လျူက ကောင်လေးကိုဖက်လိုက်တယ်။ မမျှော်လင့်ပဲ ကောင်လေး ကိုနမ်းလိုက်တယ်။အဲဒီအခြေအနေမှာရဲ တွေကကောင်လေးလက်ထဲကဓားကိုယူလိုက်ပြီး ကယ်ဆယ်လိုက်နိုင်တယ်။
"ကျမသူ့ ကိုနမ်းတော့ သူ့ ဓားကိုင်ထားတဲ့လက်နဲ့ ကျမခါးကိုဖက်ပါတယ်။ကျမတို့ နှစ်ယောက်လုံး သည်းသည်းထန်ထန်ငိုခဲ့ကြတယ်။ ကျမသူ့ ကိုကယ်လိုက်နိုင်တာသိရလို့ ကျမပျော်ပါတယ်။ "
ကောင်လေးကိုကယ်ပြီးတဲ့နောက်လျူထွက်သွားပါတယ်။ကောင်လေးက လျူမရှိပဲ ဘာမှမပြောဘူးလို့ ပြောတဲ့အတွက် ရဲတွေကလျူကိုခေါ်ပေးရပါတယ်။
ဒီအဖြစ်အပျက်ပြီးတဲ့နောက် အင်တာဗျူးတွေ၊ဖုန်းတွေမကြာခဏအဆက်ခံရတဲ့အတွက် သူ့ အလုပ်မှာ စိတ်ကသိကအောင့် နည်း နည်းဖြစ်ရပါတယ်။
ဒီအဖြစ်အပျက်က ကျမရဲ့ အလုပ်နဲ့ ကျမဘ၀ကို အနှောင့်အယှက်မဖြစ်ဖို့ မျှော် လင့်ပါတယ်ရှင်။ ကောင်လေး ကိုကယ်ဖို့ သွားစဉ်တုန်းကသိပ်မစဉ်းစားပဲ သွားခဲ့သလို့ ဒီအဖြစ်အပျက်ကိုလည်း သိပ်မစဉ်းစားချင်ပါဘူး  တဲ့။ ကျမအတွက်အရေးအကြီးဆုံးကတော့ နေ့ တိုင်းပျော်ပျော်ရွှင်ရွှင်နေရဖို့ ပါ ပဲ တဲ့။
the melting pot 4 
(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးရန်မေတ္တာရပ်ခံပါသည်။)
A kiss not just a kiss
By Shi Yingying (China Daily)
Updated: 2011-06-24 07:51
A kiss not just a kiss
Liu Wenxiu, 19, a hotel waitress in Shenzhen, has become an online celebrity for her heroic and romantic act of saving a suicidal 16-year-old with a kiss. Provided to China Daily
A kiss not just a kiss
SHENZHEN, Guangdong - Like a real life version of Snow White, Liu Wenxiu's kiss literally saved the life of a 16-year-old boy.
Liu just passing by a pedestrian bridge in downtown Shenzhen on June 11 when she spotted hundreds of onlookers watching a young man with a knife in his hand, threatening to jump.
"I saw him get more and more excited - everybody around was just looking, nobody was trying to step up and help," said Liu, a 19-year-old hotel waitress.
"He had to be saved - because I've been there before and I knew exactly how it was," continued Liu, who had attempted suicide several times.
The boy was outside the guardrail and only one step from falling. Local police had tried without success to persuade him to give up.
Liu managed to get close to the boy by telling the police that she was his girlfriend and also the reason for his attempt to commit suicide.
"The fact is I'd never seen him before, but that's the only idea I could come up with at the time," she recalled.
According to local television, the boy's mother had passed away, his stepmother didn't treat him well and she left with all his father's money. The father and son had to take part-time jobs and start their lives over again.
Liu started to sob when she heard the story.
"He told me he didn't have a home anymore, nobody cared about him and no one trusted him. I said nothing but showed him the scars on my right wrist. I used to be suicidal - I've attempted cutting my artery, jumping from a high building and others," said Liu during a local TV interview after her successful rescue.
Born in Anhui province, Liu grew up amid quarrelling parents and the responsibility to take care of her elder sister who is a deaf-mute.
Life pressure forced her to quit high school and start working when she was only a teenager.
"Nobody in my family was happy - both of my parents spent days brawling, which left my sister and I gloomy. That boy, he was like a younger me," Liu said.
With the boy crying even harder, Liu knew he had a sense of being understood.
"He said he's hopeless, 'so don't waste your time to save me'. But I told him, 'I'm not saving your life, I just want you to realize how silly you are being. Look at me, I've been there and I'm now here,'" she said.
The negotiation on the bridge ended like a romantic comedy when Liu hugged the boy and kissed him unexpectedly. Police took advantage of the situation to take away the boy's knife and pull him inside the handrail of the bridge.
"When I kissed him and when he put his hand (with the knife) on my waist, both of us were crying so hard," she said. "But I was happy as I knew I had saved him."
Liu said she didn't think too much before she offered her kiss, only that she knew it would comfort him.
"I simply thought he has to be stabilized, so he won't do anything stupid. The police were near us and I didn't worry about being pulled down by the boy," she said.
Liu left after the rescue. Local police called her soon after because the boy refused to reveal his story without her presence.
"I didn't go but we talked over the phone and exchanged our phone numbers. I promised him that I would call him later and I will, to encourage him to lead a better life," Liu said.
Liu feels very uneasy after the accident as her mobile phone has been bombarded with calls for interviews, according to Lai Shouyan, Liu's boss at the Hepans Taipan SPA Boutique Hotel.
"Personally I hope this doesn't affect my work and normal life. I didn't want to think much of the accident just like I didn't think much when I went forward to save the boy," Liu said. "For me the most important thing is that we live and enjoy each day."
China Daily
No comments:
Post a Comment