Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

ရံပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ရာတွင် ပြည်သူထံမှမထည့်မနေရငွေထပ်မံကောက်ပါက လွှတ်တော်သိက္ခာကျနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

စိုးထွဋ်မြတ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေဖြင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူလူထုထံမှ မထည့်မနေရ ငွေကြေးထပ်မံကောက်ခံမူများ ရှိလာပါကလွတ်တော်အတွက် သိက္ခာကျလာနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လုပ်ငန်းတစ်ခုကို သိန်း(၅၀)ထပ်ပိုပြီးတော့ မသုံးရဘူး။သိန်း(၅၀)ထပ်ပိုပြီး လိုလို့ ရှိရင် လုပ်ချင်တယ်ဆိုလို့ ရှိရင် ထည့်ကြလို့ ဆိုတဲ့ ပုံစံကတော့ ကိုယ့်သဘောပေါ့။ဒါပေမယ့် မထည့်မနေရ ဆိုတာကတော့ မဟုတ်သေးဘူး။ ရပ်ကွက်က ပြည်သူတွေက လူသွားလမ်းကို ကားသွားလမ်းလဲ ဖြစ်စေချင်လို့ လိုလိုလားလားနဲ့ အလူငွေထည့်တယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ဒါပေမယ့် မထည့်မနေရပုံစံမျိုးဆိုတာတော့ မဖြစ်သင့်ဘူး။" ပြည်သူ့ လွတ်တော် တရားဥပဒေစိုးမိုးရေးနင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဖေဖော်ဝါရီ(၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်အဖွဲ့ ချုပ်အဖွဲ့ ဝင်များနင့် တွေ့ ဆုံရာတွင် ပြောသည်။

ထို့အပြင် ဖွံ့ ဖြိုးရေးရန်ပုံငွေသည် လွတ်တော်က ချပေးသည့် ရန်ပုံငွေဖြစ်ပြီး ပြည်သူများ နစ်နာမှုရှိလျှင် လွတ်တော်အတွက် သိက္ခာကျစရာ ဖြစ်လာနိုင်၍ သေသေချာချာ တင်ပြ၊ အစီရင်ခံစာတင်ပြီး ဆောင်ရွက်သင့်ကြောင်း၎င်းက ဆက်ပြောသည်။

"အထူးသဖြင့် မထည့်မနေရ လုပ်တာတွေ လုံးဝမဖြစ်သင့်ဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေသဖွံ့ဖြိုးရေးရံပုံငွေအဖြစ် လွှတ်တော်မှ မြို့နယ် ၃၃၀ အတွက် ကျပ်သိန်းတစ်ထောင်စီ စုစုပေါင်း ကျပ် ၃၃ ဘီလီယံကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပေးအပ်ခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment