Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ဗဟန်းမြို့မရဲစခန်းလူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင် နေသူကို မိဘပြည်သူတစ်ဦး၏ သတင်းပေးကူညီမှုကြောင့် ဖမ်းဆီးရမိ



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

၈.၂.၂၀၁၄ရက်နေ့ ၂၂၀၀ အချိန်တွင် ဖြစ်ပွားခဲ့သော ဗဟန်းမြို့မရဲစခန်း (ပ) ၆၃/၂၀၁၄၊ ပုဒ်မ ၃၀၂ အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ချက်များ အရ အဆိုပါပြစ်မှုအားကျူးလွန်သူများမှာ ညီဇင်(ခ)ညီဇင်ဦး(ခ)သူရလင်း
နှင့် အဖိုးကြီး(ခ)အောင်ကျော်သူတို့ဖြစ်ကြောင်းပေါ်ပေါက်သဖြင့် ညီဇင်(ခ)ညီဇင်ဦး(ခ)သူရလင်းအား (၁၀.၂.၂၀၁၄)ရက်နေ့တွင်ဖမ်းဆီး ရမိခဲ့ပြီး အဖိုးကြီး(ခ)အောင်ကျော်သူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် အမြန်ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများမှ ၎င်းနှင့်ပတ်သက်၍ သတင်းပေးကြပါရန် YangonPolice https://www.facebook.com/photo.php?fbid=446073732188566&set=a.326746824121258.1073741828.326712354124705&type=1&theater ၌ ၁၁.၂.၂၀၁၄ ရက်နေ့တွင် ဖော်ပြအကူအညီတောင်း ခံခဲ့ပါသည်။

ထိုသို့ အကူအညီတောင်းခံခဲ့မှုအပေါ် ပြည်သူတစ်ဦး၏သတင်းပေးမှုအရ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များက ၁၅.၂.၂၀၁၄ရက်နေ့ ၁၃၃၀ ချိန်၌
ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်
လမ်းထောင့်ရှိ ယုဇနဥယျာဉ်မြို့တော်သို့ပြေးဆွဲသော တက္ကစီဂိတ်တွင် ထွက်ပြေးတိမ်းရှောင်နေသူ အဖိုးကြီး(ခ)အောင်ကျော်သူ (ဘ)ဦးမောင်မောင်လွင်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်ဆေးချက်အရ အဆိုပါအမှုကိုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်
ခဲ့ပြီး သက်သေခံဓါးအား သိမ်းဆည်းကာ အမှုဖြင့်ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ အဖိုးကြီး(ခ)အောင်ကျော်သူ
အားအမြန်ဖမ်းဆီးရမိခဲ့ခြင်းမှာ မိဘပြည်သူတစ်ဦးမှသတင်းပေးခဲ့၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းပေး ကူညီခဲ့သည့် မိဘပြည်သူအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်အရ ရဲလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင်လာသည့်အတွက် ယခုကဲ့သို့ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်
နေသူများအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်လက်၍လည်း ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများ တစ်ဦးကိုတစ်ဦး အပြန်အလှန်ယုံကြည်မှု
ဖြင့် ပူးပေါင်းဆောင်ရွက်ပါက ဒုစရိုက်သမားများ၊ ပြစ်မှုကျူးလွန်ထွက်ပြေး တိမ်းရှောင်နေသူများကို အချိန်မီဖမ်းဆီးရမိအရေးယူနိုင်မည့်အပြင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်လည်း ပိုမို၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းဖော်ပြအပ်ပါသည်။

Yangon Police

No comments:

Post a Comment