Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 21, 2014

ဘီပိုးကုသဖို့ သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆေးသုတေသနကို သတိပေး

သွေးရည်ကြည်ကနေတစ်ဆင့် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထုတ်လုပ်မှု မြန်မာနိုင်ငံ ဆေးသုတေသန ရပ်ဆိုင်းသင့်ပြီလို့ ပါမောက္ခ ဦးခင်မောင်ဝင်းက သတိပေးလိုက်ပါတယ်။
သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်ရာမှာ နည်းစနစ်ချွတ်ချော်မှုနဲ့ ဆေးထိုးရာမှာ ဘီပိုး၊ စီပိုးအပြင် HIV ပိုးတွေပါ ပါသွားနိုင်တာကြောင့် အန္တရာယ်များတာမို့ ပြည်သူတွေ မသုံးကြဖို့နဲ့ ကမ္ဘာ့အဆင့်မီ တဆေးကနေထုတ်တဲ့ ကာကွယ်ဆေးလည်းရှိနေတယ်လို့ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။
အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထုတ်ရာမှာ Yeast လို့ခေါ်တဲ့ တဆေးကနေထုတ်တဲ့နည်းနဲ့ B Positive ဖြစ်လို့ စွန့်ပစ်ထားတဲ့ သွေးကနေတစ်ဆင့် ကာကွယ်ဆေးထုတ်တဲ့ နည်းနှစ်ခုထဲက သွေးရည်ကြည်ကနေ ထုတ်လုပ်မှုကို ၁၉၉၂ကတည်းကအမေရိကန်ပြည်ထောင်စုမှာ ရပ်ဆိုင်းထားလိုက်ပြီလို့ ဆိုပါတယ်။
အသည်းရောဂါနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ အသိပညာရစေဖို့ရည်ရွယ်ပြီး UMFCCI မှာကျင်းပတဲ့ ဟောပြောပွဲမှာ ဘီပိုးဟာ အသည်းကင်ဆာဖြစ်ဖို့ အဓိကအားပေးတာကြောင့် ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းတွေမှာ အားစိုက်လုပ်ကြဖို့၊ မြန်မာနိုင်ငံရဲ့ ဘီပိုးကူးစက်မှု ၉၅%ကျော်ရှိနေပြီးကမ္ဘာ့ အသည်းကင်ဆာ အဖြစ်အများဆုံး ၁ဝနိုင်ငံထဲပါနေတယ်လို့ ဆိုပါတယ်။
Kamayut Media

No comments:

Post a Comment