Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

မရီးဖြစ်သူကို ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့လူသတ်မှု ကျူးလွန်ခဲ့သည့် တရားခံအား ဟင်္သာတခရိုင်တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်


Tuesday, February 25, 2014

ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့လူ သတ်မှုကျုးလွန်ခဲ့သည့် တရားခံအား ဟင်္သာတခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂(၂)အရ ပြစ်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမှုကို ခရိုင်တရားသူကြီး ဒေါ်မြင့်မြင့်စိန်က နှစ်လခန့်ကြာ စစ်ဆေးခဲ့ပြီး နောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုသို့အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ်အကျဉ်းနှင့် ပတ်သက်၍ ယင်းအမှုတွင် နိုင်ငံတော်စရိတ်ဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်ဧရာလင်းထွန်း၏ ပြောကြားချက်အရ အင်္ဂပူမြို့နယ် လိပ်ကန်ကြီးရွာဟောင်းတွင် နေထိုင်သည့် မရီးဖြစ်သူ မသူဇာဝင်း အသက် ၂၈ နှစ်က တရားခံ ဖိုးကျော်(ခ)ကျော်လင်း ထိုက် (အသက် ၃၈) နှစ်အား ကောက်ရိတ်ခ တောင်းရမ်းခိုင်းရာ မရရှိခဲ့ကြောင်း၊ တရားခံက မိမိအား ညာတောင်းခိုင်းသည်ဟုဆိုကာ စိတ်ဆိုးပြီး တစ်အိမ်တည်းနေသူ မရီးဖြစ်သူ အား တုတ်ဖြင့် ကျောကုန်းနှင့် ခြေထောက် တို့အား ရိုက်၍ အိမ်ပေါ်မှနှင်ချခဲ့ကြောင်း၊ ထို့နောက် မရီးဖြစ်သူက နေအိမ်အနီးချုံပုတ် ထဲတွင် ပုန်းအောင်းနေခဲ့ရာ ချုံပုတ်ထဲမှဆွဲ ထုတ်ပြီး မတ်တတ်ရပ်ခိုင်းခဲ့ကြောင်း၊ မရီးဖြစ် သူမှာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ကြောင့် မတ်တတ်မရပ်နိုင်သဖြင့် မရပ်နိုင်လျှင် မီးပုံရှို့မည်ပြော၍ ကောက်ရိုးတစ်ပွေ့နှင့် ထန်းလက်တို့ကို ယူလာပြီး မရီးဖြစ်သူ၏ ကိုယ်ပေါ်တင်ကာ မီးပုံရှို့ခဲ့သော အမှုဖြစ်ကြောင်း”သိရသည်။

အဆိုပါ အမှုသည် ကျောင်းကွင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ တရားလိုပြုလုပ် တိုင်ကြားမှုအား အင်္ဂပူမြို့နယ်၊ မဲဇလီကုန်း ရဲစခန်းက (ပ)၄၈/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့်အမှုရေးဖွင့်ခဲ့ပြီး ဟင်္သာတခရိုင် တရားရုံးသို့ တရားစွဲတင်ခဲ့သော အမှုဖြစ်ကာ ရုံးတော် က ရာကြီး ၆၃/၂ဝ၁၃ ဖြင့် လက်ခံခဲ့သော အမှုဖြစ်သည်။
-

Eleven Media Group

No comments:

Post a Comment