Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ထားရန် ဒေါက်တာခင်ရွှေက ပြီးစီးသည်အထိဘိလပ်မြေလှူဒါန်းမည်

17.2.2014

မွန်ပြည်နယ် မုဒုံမြို့ရှိ ဝင်းစိန်ဆရာတော်ကြီး တည် ထားမည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ အတောင် ၆ဝဝ ဗုဒ္ဓရုပ်ပွားတော်တည် ဆောက်ရန် ဘိလပ်မြေကို သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ဗုဒ္ဓ ရုပ်ပွားတော်ပြီးစီးသည်အထိ လှူဒါန်းမည်ဖြစ်သည်။

ယင်းသို့လှူဒါန်းရန်အတွက် သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌ
ဒေါက်တာခင်ရွှေသည်ယခုလ ၁၃ရက်က မွန်ပြည်နယ် မုဒုံ မြို့ရှိ ဝင်းစိန်တောရဆရာတော် ကြီးအား သွားရောက်ဖူးမြော် စဉ်က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

လျောင်းတော်မူအတောင် ၄ဝဝ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကိုလည်း ဝင်းစိန်ဆရာတော် ကြီးက တည်ဆောက်ထားပြီး အတောင် ၆ဝဝ ဗုဒ္ဓရုပ်ပွား တော်ကိုလည်း ယင်းအတောင် ၄ဝဝ ရုပ်ပွားတော်ရှေ့တွင် တည်ထားမည်ဖြစ်သည်။

The Union Daily

No comments:

Post a Comment