Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ရတနာပုံနှင်းဆီအငြိမ့်အမေရိကန်ကိုလာရောက်ဖျော်ဖြေမယ်။

မင်းသားမင်းသမီးတွေ ကပြဖျော်ဖြေတဲ့ရတနာပုံ နှင်းဆီအငြိမ့် အဖွဲ့  အမေရိကန်မှာ လာရောက်ဖျော်ဖြေ မယ်လို့ သိရပါတယ်။
မတ်လ ၈ရက်နေ့ ၊စနေနေ့ မှာ ကယ်လီဖိုးနီးယား ပြည် နယ်၊ လော့စ် အိန်ဂျယ် လိစ်မြို့နား ကမွန် ထရီ ပတ်မြို့မှာ ပွဲဦး ထွက် ဖျော်ဖြေ တင် ဆက် မှာဖြစ်ပြီး ပွဲချိန်ကတော့ ညနေ ၅ နာရီမှ ည ၁၁း၃၀ နာရီထိ ဖြစ် ပါတယ်။ 
ဒီအငြိမ့်အဖွဲ့ မှာ အကယ်ဒ မီ နေတိုး၊ အကယ်ဒမီ မင်းမော်ကွန်း၊ ကျော်ကျော်ဘို၊ ထွန်းထွန်း၊ မိုးယုစံ၊ ဖူးစုံ တို့ ပါဝင် ပါတယ်။
ပွဲလက်မှတ်များကတော့ 
 ဒေါ်လာ ၁၀၀၊ ဒေါ်လာ ၈၀၊ ဒေါ်လာ၆၀ နှင့် ၄၀ မိသားစု ထိုင်ခုံလက်မှတ်များကို ဒေါ်လာ၃၅ သတ်မှတ်ထားပါတယ်။
ဒီအငြိမ့်ပွဲဟာ လော့စ်အိန်ဂျလိစ်၊ရေးဗားဆိုက်မြို့ မှာ "မြန်မာဗုဒ္ဓဘာသာဝိပဿနာ တရားရိပ်သာ"ထူထောင်ဖို့ အတွက်ရန်ပုံငွေပွဲဖြစ် တယ်လို့ သိရပါတယ်။
နှင်းဆီအငြိမ့် ကပြအသုံးတော်ခံမည့် ခေတ်မီ ကဇာတ်ရုံ ဖြစ်ပါသည်။နှင်းဆီအငြိမ့် ကပြအသုံးတော်ခံမည့် ခေတ်မီ ကဇာတ်ရုံ ဖြစ်ပါသည်။
East Los Angeles College Auditorium
1301 Cesar Chavez Ave.
Monterey Park CA 91754
လက်မှတ်ဝယ်ယူလိုလျှင်ဆက်သွယ်ရန်ဖုန်း
ဒေါက်တာ ဇော်ထွန်း             626-625-3666
ရွှေမင်းသမီးစတိုး                  626-927-9054
Jone (ရိုးမစားသောက်ဆိုင်)    626- 280-8655
ရွှေမန်းသူစတိုး                     626-571-1983
ကျော်မြန်မာစတိုး                  626-300-0946
 'ရတနာပုံနှင်းဆီအငြိမ့်သဘင်' ပွဲစီစဉ်လိုသူ များဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ
ရီရီအေး Kline-909-709-0708 (mobile)
951-780-8752 (home )
Email: yathawtara@gmail.com
yathawtara@yahoo.com
နိုင်ငံရေးဆိုတာနှစ်မျိုးပဲရှိတယ်ဆိုတဲ့ပြက်လုံးနဲ့ ပရိတ်ကိုပွဲကျသွားစေခဲ့တဲ့ အကယ်ဒမီနေတိုးနဲ့ မင်းသား၊မင်းသမီးတွေရဲ့ အငြိမ့်ကို အမြည်းအဖြစ် အောက်ကဗီဒီယိုကလစ်လေးမှာ ကြည့်ရှုအားပေးကြပါဦး။

Source


No comments:

Post a Comment