Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

အမေရိကန်ကျောင်းအုပ်ကြီးရဲ့  ကျောင်းပိတ်သီချင်း



“We just got a call, breaking news, school is closed, school is closed.
Sorry parents for another day,“

အမေရိကန်နိုင်ငံမှာ အနှစ် ၂၀မှာ တစ်ခေါက်ကြုံရတဲ့ရာသီဥတုဆိုးဝါးမှုကြောင့်ကျောင်းတွေမကြာခဏ ပိတ်ထားရပါတယ်။ရာသီဥတုကြောင့် ကျောင်းပိတ်ထားရပါတယ်ဆိုတဲ့အကြောင်း ကျောင်းအုပ်တွေက
ကြိုတင်ကြေငြာပေးကြပါတယ်။
ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေနဲ့ မတူပဲရာသီဥတုဆိုးဝါးလို့  ကျောင်းပိတ်ပါတယ်ဆိုတဲ့အကြောင်းမိဘတွေကို မကြာခဏ ပြောနေရတဲ့  ဘာလင်တန်မြို့ ၊ကင်တပ်ကီပြည်နယ်က ကျောင်းအုပ်ကြီးဂျိမ်းဒက်ဝီလာ ဟာဆရာတစ်ယောက်နဲ့ ပူးပေါင်းပြီး   ကျောင်းပိတ်တဲ့အကြောင်း သီချင်းလိုလုပ်ဆိုပြီး မက်ဆေ့ခ်ျပို့ ပါတယ်။
"နောက်ဆုံးသတင်းဖြစ်ပါတယ်။ကျောင်းပိတ်ပါတယ်ခင်ဗျ။ မိဘများ နောက်ထပ်ကျောင်းတစ်ရပ်ထပ်ပိတ်လိုက်ရလို့  စိတ်မကောင်းပါဘူးခင်ဗျ။"
ဒီကျောင်းအုပ်ဆရာကြီးနဲ့ ကျောင်းကဆရာတို့ နှစ်ယောက်ဟာ သူတို့ ရဲ့ ကျောင်းပိတ်သီချင်းကို ပြီးခဲ့တဲ့ အပတ်ထဲက အသင့်လုပ်ထားခဲ့တာဖြစ်ပါတယ်။
မနေ့ ကရာသီဥတုဆိုးလို့ ကျောင်းပိတ်ရမယ်လို့ သိရတယ်။ ကော်ဖီတစ်ခွက်သောက်ပြီးကွန်ပြူတာက ခလုတ်ကိုနှိပ်လိုက်တယ်။ကျောင်းပိတ်တယ်ဆိုတာကျောင်းသားမိဘတိုင်းသိသွားကြပြီပေါ့။
သူ့ ဒီဗီဒီယိုကိုယူကျုမှာတင်လိုက်ပြီး တရက်မှာပဲ ၇၇၀၀၀ကျော်လာကြည့်သွားကြပါတယ်။
ကျောင်းသားမိဘတွေက ကျောင်းအုပ်ကြီးရဲ့ ကျောင်းပိတ်ကြောင်းကြော်ငြာကိုကြည့်ပြီး သဘောကျကြတယ်။ဗီဒီယိုလေးကြည့်ပြီးပြုံးပျော်ကြရလို့ ကျေးဇူးတင်ပါတယ်လို့ ကွန်မင့်တွေပေး သွားကြပါတယ်။

မြန်မာပြည်မှာဆိုရင်တော့ ဒီကျောင်းအုပ်နဲ့ ကျောင်းဆရာကို သိက္ခာမရှိဘူးလို့ ဝေဖန်ခံကြရ မယ်ထင်ပါတယ်။ အမေရိကန်က ကျောင်းအုပ်ကြီးနဲ့ ကျောင်းဆရာရဲ့ လန်းချက်ကတော့ ကိုးကျော်တယ်လို့ ပဲမှတ်ချက်ပြုချင်ပါတော့တယ်။ လန်း မလန်းကတော့ အောက်ကဗီဒီယို ကိုယ်တိုင်ပဲကြည့်ကြည့်ကြပါ။
the melting pot 4 U

No comments:

Post a Comment