Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

အမှတ်(၉၆)ယာဉ်လိုင်းပေါ်တွင် ကျက်စားနေကြသည့် ခါးပိုက်နှိုက်(၂)ဦးအား ဖမ်းဆီးရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၁၉.၂.၂၀၁၄ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ ရုံးရှေ့မှတ်တိုင်တွင် ခါးပိုက်နှိုက်များ ဖမ်းဆီးရမိရေးသတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ဆိုက်ရောက်လာသော အမှတ်(၉၆)ယာဉ်လိုင်းပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်း ရှိကြသော လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်နေသူများဖြစ်သည့် ကုလားလေး(ခ)စည်သူ (ဘ)ဦးရွှေအေးနှင့် ဂွက်(ခ)ကိုကိုဦး
(ဘ)ဦးစိုင်းအေးတို့(၂)ဦးအား မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ကုလားလေး(ခ)စည်သူထံမှ Huawei အမျိုးအစား ဖုန်း(၁)လုံးနှင့် ငွေကျပ်(၆၅၀၀)အား တွေ့ရှိခဲ့ပြီး ၎င်းတို့(၂)ဦးသည် အဆိုပါဖုန်းနှင့်ငွေများအား ယာဉ်ပေါ်ပါ အသက်(၃၀)နှစ်ခန့်ရှိအမျိုးသား တစ်ဦးထံမှနှိုက်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ)၂၀၃/၂၀၁၄၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ ပါသည်။

၎င်းတို့(၂)ဦးအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိမရှိစစ်ဆေးခဲရာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလ များအတွင်းက အမှတ်(၉၆) ယာဉ်လိုင်းရှိယာဉ်များပေါ်၌ လှိုင်သာယာမြို့နယ်၊ ဘုရားလမ်းမှတ်တိုင်၊ ဗိုလ်ချုပ်မှတ်တိုင်၊ တပ်ထိပ်မှတ်တိုင်၊ အဆင့်မြင့်မှတ်တိုင်တို့အရောက်
တွင် ခရီးသည်(၉)ဦးထံမှ Huaweiအမျိုးအစား အဖြူရောင်ဖုန်း(၂)လုံးနှင့် အနက်ရောင်ဖုန်း(၁)လုံး၊ SAMSUNGအမျိုးအစားအနက်ရောင်ဖုန်း
(၃)လုံး၊ Hope အမျိုးအစားအညိုရောင်ဖုန်း(၁)လုံး၊ HTCအမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ Formeအမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး
တိုအား (၂)ဦးအတူနှိုက်ယူခဲ့ကြကြောင်း ပေါ်ပေါက်ပါသည်။

ယင်းကဲ့သို့ ဖုန်းများနှိုက်ယူခဲ့ကြသည့်အတွက် ၎င်းတို့(၂)ဦးအား လှိုင်သာယာမြို့မရဲစခန်းတွင်အမှုများ အသီးသီးရေးဖွင့်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment