Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 22, 2014

သားငယ်၏ အမည်ကို ဗုဒ္ဓဝင် အသုံးအနှုန်းဖြင့် မှည့်ခေါ်စေခဲ့သည့် မီဂန်ဖောက်စ်


မီဂန်ဖောက်စ်နှင့် ဘရိုင်ယန်အော်စတင် ဂရင်းတို့ ဇနီးမောင်နှံသည် ၎င်းတို့၏ ဒုတိယ ရင်သွေးလေးကို ဗုဒ္ဓဝင် အငွေ့အသက်လွှမ်းသော အမည်မျိုး မှည့်ခေါ်စေရန် ရွေးချယ်လိုက်သည်။ သားအကြီးဖြစ်ကို သမ္မာကျမ်းစာနှင့် ကိုအာရ်ကျမ်းစာတို့တွင် ပါရှိသော နိုအာဆိုသည့် စကားလုံးဖြင့် အစွဲပြုပြီး နိုအာရှန်နွန်ဟု အမည်ပေးခဲ့သလို မကြာသေးမီက မွေးဖွားလာသည့် သားငယ်ကိုလည်း ဗုဒ္ဓဝင် အမည်တစ်ခုဖြစ်သော ဗောဓိဆိုသည့် စကားလုံးဖြင့် အမည်မှည့်ခေါ်စေခဲ့သည်။ Transformers မင်းသမီးဟောင်း ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဖွားမြင်သော သားငယ်အား ဗောဓိရန်ဆမ်ဂရင်းဟု အမည်ပေးလိုက်ကြောင်း သိရသည်။

TMZက အဆိုပါ အမည်ကို ၎င်းတို့ထောက်လှမ်းရရှိသည့် မွေးစာရင်း အထောက်အထားများဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဗောဓိဆိုသော စကားလုံးသည် ဗုဒ္ဓဝင် ပါဠိ၌ နိုးကြားခြင်းနှင့် အလုံးစုံသိမြင်ခြင်းကဲ့သို့သော အဓိပ္ပါယ်ကို ဖော်ညွှန်းပြီး ဗုဒ္ဓမြတ်စွာဘုရားက သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှု အားလုံးကို နားလည်သဘောပေါက်သွားသည့် ဉာဏ်တော်ကိုလည်း ဗောဓိဉာဏ်ဟု သုံးနှုန်းလေ့ရှိသည်။ မူကွဲအဖြစ် အိန္ဒိယ ဒဿနိက ပညာရှင် အချို့တို့က ဗောဓိဆိုသော အသုံးအနှုန်းကို ပစ္စုပ္ပန်ဟု အဓိပ္ပါယ်ဖွင့်လေ့ရှိသည်။

ဩစတြေးလျ မင်းသမီး တီရေဆာ ပယ်လ်မာသည်လည်း သူမ၏ သားငယ်အား ဗောဓိရိန်းဟု အမည်ပေးထားသေးကြောင်း သိရသည်။ မီဂန်နှင့် ဘရိုင်ယန်တို့သည် နိုအာ့အသက် (၁၅)လအရွယ်တွင် နောက်ထပ် သားသမီး ထပ်ရလာခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ မီဂန်သည် ဘရိုင်နယ်၏ ချစ်သူဟောင်း ဗင်နက်ဆာမာဆယ်လ်နှင့် ရထားသည့် သားကြီး ကာဆီရက်စ်ကိုလည်း အုပ်ထိန်းလျှက် ရှိသည်။ မီဂန်သည် ပြီးခဲ့သည့် နိုဝင်ဘာလက ကိုယ်ဝန်လွယ်ထားစဉ်မှာပင် သူမနှင့် ဘရိုင်ယန်တို့ အနေဖြင့် မိသားစု သိုက်သိုက်ဝန်းဝန်း ကြီးကြီးမားမား တည်ဆောက်သွားလိုကြောင်း အတည်ပြု ပြောဆိုထားခဲ့သည်။

planet

No comments:

Post a Comment