Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

သီလဝါအထူးစီးပွားရေးဇုံ ရှယ်ယာတခုကို ကျပ်တသောင်းနဲ့ ရောင်းမယ်

သီလ၀ါ အထူးစီးပွားရေးဇုံကို ဂျပန်-မြန်မာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်း ဖွင့် လှစ်ထားတဲ့ Myanmar -Japan Thilawa Development Limited က ရင်းနှီးတည်ဆောက် ထား တာဖြစ်ပြီး အခုတော့ အဲဒီကုမ္ပဏီထဲက အများပိုင် MMS ThiLawa Development ကုမ္ပဏီက အစု ရှယ်ယာတစုကို ကျပ်ငွေ ၁ သောင်း နှုန်းနဲ့ အများပြည်သူတွေကို ထုတ်ရောင်းတော့မယ်လို့ သိရပါတယ်။ 



သီလ၀ါ စီးပွားရေး ဇုံ မြင်ကွင်း တခု၊ ဓာတ်ပုံ-ဇေကြီး

ဒါဟာ ကုမ္ပဏီကို အများပိုင် ကုမ္မဏီဖြစ်ဖို့ လုပ်ဆောင်တာဖြစ်ပြီး သီလဝါစီးပွားရေးဇုံတခုလုံး လုပ်ကိုင်တဲ့ ကုမ္ပဏီကို  မြန်မာဘက်က ၅၁ ရာ ခိုင်နှုန်း နဲ့ ဂျပန် ဘက်က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ကြတာဖြစ်တယ်လို့ ဒီကနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

သီလ၀ါ စီးပွားရေး ဇုံတွင်းက ဆောက်လုပ်ရေးလုပ်ကွက်တခု

ဂျပန်ဘက်မှာ ၄၉ ရာခိုင်နှုန်းမှာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့( JIAC )က ၁၀ ရာခိုင်နှုန်း၊ ဂျပန် ကုမ္မဏီ ၃ ခုဦးဆောင်တဲ့ MMS ThiLawa Development ကုမ္မဏီတွေက ၃၉ ရာခိုင်နှုန်း စသဖြင့် အသီးသီး ပိုင်ဆိုင်ထားကြတာပါ။ 

သီလဝါ စီးပွားရေး ဇုံမှာ မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ကျန်တဲ့ ၄၁ ရာခိုင်နှုန်းကိုတော့ ပုဂ္ဂလိကပိုင် ဖြစ်တဲ့ Myanmar ThiLawa SEZ Holding Public Limited က ပိုင်ဆိုင်တာဖြစ်ပါတယ်။ 

အများပိုင် ကုမ္ပဏီဖြစ်တဲ့ Myanmar ThiLawa SEZ Holding Public Limited ရဲ့ ရှယ်ယာ စုစုပေါင်း ၂.၁၄၅ သန်းကို လာမယ့် ဧပြီလက စတင်ပြီး ရှယ်ယာတခုကို ကျပ်ငွေ ၁ သောင်းနှုန်းနဲ့ စတင်ရောင်းချ သွားမှာဖြစ်တယ်လို့ ဆိုတာပါ။ 

ရှယ်ယာဝယ်လိုသူတွေက အနည်းဆုံး ၁ သောင်းဖို့ အစုရှယ်ယာတခုကနေ မိမိကြိုက်သလောက် ဝယ်လို့ ရနိုင်တယ်လို့ လည်း သီလဝါအထူးစီးပွားရေးဇုံ ကော်မတီ တာဝန်ရှိသူတဦးက ဆိုပါတယ်။ 

ရှယ်ယာဝယ်တာဟာ ငွေတိုးချေးသလို မဟုတ်ဘူးလို့လည်း တာဝန်ရှိသူက ကြေးမုံနဲ့အင်တာဗျူးမှာ သတိပေး ထားပါတယ်။ 

အိမ့်သံစဉ် ~ 
ဧရာဝတီ Facebook / ဧရာဝတီ Twitter

No comments:

Post a Comment