Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

မလေးရှားရောက် ရခိုင်လူမျိုး ရှစ်သောင်းကျော် အလုပ်အကိုင်ရှားပါးမှုကြောင့် ပြန်မလာလို

Written by  နန်းလွင်နှင်းပွင့်၊ ကေဇူး

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ရခိုင်တိုင်းရင်းသားများကို နေထိုင်ရ မလုံခြုံမှု များရှိနေသော်လည်း ပြည်တွင်းသို့ ပြန်လာမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသဖြင့် ပြန်လာလိုခြင်းမရှိဟု မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမကို ဖေဖော်ဝါရီ ၉ ရက်က ပြောဆိုလိုက်သည်။
“မလေးမှာ အဖမ်းဆီးလည်း တောက်လျှောက် ရှိနေတယ်။ သတ်တာဖြတ်တာလည်း တောက်လျှောက် ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ ပြန်မလာချင်ကြဘူး၊ အဆင်ပြေအောင် နေနေကြတယ်။ အဲဒီမှာ တစ်ခုက တော့ ရခိုင်အဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီမှာတော့ အကူအညီပေးတယ်”ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မလေးရှားနိုင်ငံသို့ အထွေထွေလုပ်သားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ရခိုင်လူမျိုးများမှာ ရှစ်သောင်းကျော် ရှိနေသည်ဟုလည်း ၎င်းက ဆို သည်။
မလေးရှားနိုင်ငံတွင်း ရခိုင်မှ အထွေထွေလုပ်သား များပြားနေမှုနှင့်ပတ်သက်၍ “ရခိုင်မှာက အလုပ်အ ကိုင်အခွင့်အလမ်း မရှိဘူး။ တစ်လလုံးအလုပ်လုပ်မှ ကျပ်ငွေ သုံးသောင်းတောင် မရနိုင်ဘူး။ အဲဒီတော့ နိုင်ငံခြားတွေကိုထွက်ပြီး အလုပ်လုပ်ကိုင်ကြတယ်”ဟု ပြောသည်။
ရခိုင်လူမျိုး ရှစ်သောင်းကျော်စာရင်းမှာ မလေးရှားနိုင်ငံတွင်း ကမ္ဘာ့ကုလသမဂ္ဂ (UN) က ဖွဲ့စည်းပေးထားသည့် Arakan Refugee Release Center (ARRC)၏စာရင်းဖြစ်ပြီး စာရင်းတွင် မပါဝင်သေး သည့် မလေးနိုင်ငံ ကျေးလက်ပိုင်းတွင် ရောက်ရှိနေသူများလည်း ရှိသေးသည်ဟုလည်း ဦးအေးသာ အောင်က ဆိုသည်။
မလေးရှားနိုင်ငံ wilayah presekutuanပြည်နယ်တွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင် လျက်ရှိသူ ကိုနိုင်မင်းက “ဒီမှာနေရတာ အန္တရာယ်အရမ်းများတယ်။ ခဏခဏလည်း သတ်ခံရတာ၊ ဖမ်း ခံရတာ ရှိတယ်။ ဒါပေမဲ့ ကိုယ့်ဒေသကိုပြန်ရင် ဘာအလုပ်အကိုင်မှမရှိဘူး။ ဒီကပဲ တတ်နိုင်သလောက် လုပ်ပြီး အိမ်ကိုပြန်ပို့ရတယ်။ အန္တရာယ်လည်း ကြည့်ရှောင်ရတာပေါ့”ဟု မဇ္ဈိမကို အွန်လိုင်းမှတစ်ဆင့် ပြောသည်။
ARRC အတွင်းမှ ရခိုင်လူမျိုး နှစ်သောင်းကျော်ဖြင့်Malay Arakhan Organization (MAO) ဟူသည့် အဖွဲ့ဖွဲ့စည်းထားပြီး မလေးနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူများထဲမှ ကျန်းမာရေးကြောင့် အလုပ် ဆက်လက်မလုပ်ကိုင်နိုင်သူ၊ အလုပ်အကိုင် မရရှိသေးသူများ၊ အဆင်မပြေသူများကို ခိုလှုံခွင့်ပေးထားပြီး လက်ရှိ MAO စောင့်ရှောက်မှုအောက်တွင် နေထိုင်နေသူ ရခိုင်လူမျိုး ၃၀ ကျော်ရှိပြီး မလေးရှား ရဲများက လုံခြုံရေးယူပေးထားသည်။
မလေးရှားနိုင်ငံတွင် ရခိုင်အဖွဲ့အစည်း MAO မှ ပြုစုထားသည့် စာရင်းများအရ ရခိုင်တိုင်းရင်းသား ၈၀,၀၀၀၊ မွန်၊ ဗမာ၊ ချင်းလူမျိုးတို့ စုစုပေါင်း တစ်သိန်းကျော်ခန့်ရှိပြီး အလုပ်အကိုင်အားဖြင့် ကာစီနိုဝိုင်း များ၊ စက်ရုံများ၊ ဆီအုန်းခြံများတွင် အလုပ်လုပ်ကိုင်နေကြပြီး UN ထောက်ခံချက်ဖြင့် တတိယနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေကြသူများလည်း ရှိသည်ဟု ဦးအေးသာအောင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် စီမံကိန်းကြီးများ များစွာရှိသော်လည်း ရခိုင်တိုင်းရင်းသားများ အလုပ်အကိုင်ရရှိမှု နည်းပါးနေသည်ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ကမ်းခြေမြို့များတွင် ဟိုတယ်စီမံကိန်းလုပ်ငန်းများ ရှိနေသည်။
ရခိုင်တိုင်းရင်းသားများအနက် မလေးရှားတွင် ရောက်ရှိနေသူ ၈၀,၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၃၀၀၀၀၀ ကျော်နှင့် အခြားသော ပြည်ပနိုင်ငံများသို့ များစွာသွားရောက်လုပ်ကိုင်နေပြီး အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်ပါက ပြည်တွင်းသို့ ပြန်လာရန် ဆန္ဒရှိသည်ဟု ရခိုင်ခေါင်းဆောင်များက ဦးအေး သာအောင်နှင့်တွေ့ဆုံစဉ် ပြောခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
Mizzimz

No comments:

Post a Comment