Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 25, 2014

ချုပ်နှောင်ခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားရဲတပ်ဖွဲ့မှ ကယ်ဆယ်


မလေးရှားနိုင်ငံတွင် ပင်လယ် ငါးဖမ်းစက်လှေများ အများဆုံး ဝင်ထွက်သွားလာနေသော ငါးဖမ်း လုပ်ကိုင်ကြသော နေရာဒေသတစ်ခု ဖြစ်သည့် Kedah ပြည်နယ် ဆွန်ငိုင် ပတနီတွင် ပြီးခဲ့သောကိုးရက်ခန့်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထိုင်းနိုင်ငံ မှတစ်ဆင့်ဝင်ရောက်ကာ ကျေးကျွန် သဖွယ် ချုပ်နှောင်ခြင်းခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ကယ်တင် လိုက်နိုင်ပြီကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မလေးရှားနိုင်ငံနေ့စဉ်ထုတ် China Press သတင်းဌာနမှ ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားလေးဦး၏ အမည်ကို ဖော်ပြထားခြင်းမရှိဘဲ ၎င်းတို့သည် လုပ်ကိုင်စားသောက် အသက်မွေးဝမ်းကျောင်း ပြုရန် အတွက် ရောက်လာခြင်းဖြစ်သော် လည်း ပွဲစား၏တောင်းခံသည့် ငွေကြေးပမာဏကို ပေးဆောင်နိုင် ခြင်းမရှိသောကြောင့် သုံးရက်အစာ ရေစာကျွေးမွေးခြင်းမရှိဘဲ အခန်း အတွင်း လှောင်ပိတ်ထားခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါ သတင်းကိုရရှိသဖြင့် Lao Cai Hut Hotel ၏မီးဖိုချောင်သို့ ဖေဖော်ဝါရီ ၁၉ ရက် မလေးရှားနိုင်ငံ စံတော်ချိန် ည ၁၀ နာရီက ဝင်ရောက်စီးနင်း ရှာဖွေရာ အဆိုပါ မြန်မာအမျိုးသား လေးဦးအား လက်နှင့်ခြေထောက်များ တွင် သံကြိုးများဖြင့်တုပ်နှောင်ထား သည်ကို တွေ့ရှိရကြောင်းသိရပြီး ပြန်ပေးဆွဲသူအား ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဆက်လက်သိရှိရသည်။

Credit : MOI Webportal Myanmar

No comments:

Post a Comment